ကားသမား

  • Nov- 2024 -
    14 November
    သတင်း

    မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်

    ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားကြီးဖြတ်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား– ကံပိုက်တည် ကားသမားတစ်ဦး KNG ကို ပြောပါတယ်။ “ကန်ပိုက်တည်ကပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား–ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်တက်တဲ့ခရီးတင်ကားတွေ ခရီးသည်တင်ခွင့်ကန့်သတ်နေတာလို့ သိရပါတယ်။ ဒါ့အပြင် ကံပိုက်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပိုက်တည်ကနေထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကိုလည်းတားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတစ်ချို့ကို ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦး ခုလိုဆက်ပြောပါတယ်။ “အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ Alphard တို့လိုကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲတင်ခိုင်းတာ လူသုံးကုန်လောက်ပဲ ဒါတောင်ကားကြီးနဲ့မရဘူး”လို့ ပြောပါတယ်။ မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းအနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။ သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း)  ကြားမှာရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်တဲ့ ကန်ပိုက်တည်ဂိတ် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတယ်လို့ သိရပါတယ်။ မြန်မာ–တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Sep- 2024 -
    16 September
    သတင်း

    နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ် ခံရ

    ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး ခရီးသည်တွေရဲ့သတ်ဖြတ်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက်သွားဖို့ ခရီးသည် ၃ ဦးကိုတင်ပြီး ကားအငှားလိုက်တဲ့ ကားသမားဟာ မုံးကိုးမရောက်ခင်…

    Read More »
  • Jun- 2024 -
    21 June
    သတင်း

    မြစ်ကြီးနား – ပူတာအိုကားလမ်းမြေပြိုမှုကြောင့် ကားသေးတွေသာသွားလာလို့ရ

    ကချင်ပြည်နယ် ပူတာအိို–မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာမှာမြေပြိုထားတဲ့အတွက် ကုန်ကားကြီးတွေပိတ်မိနေပြီး ကားအသေးတွေသာ သွားလာလို့ရနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာနဲ့ မဆွန်ဇွပ်ကျေးရွာကြားက (ဒေသအခေါ် )ကျောက်ရေတွင်းအနီးမှာ ဇွန်လ ၁၉ ရက်နေ့က မိုးရွာသွန်းမှုကြောင့်ကားလမ်းတွေမြေပြိုပြီးတံတားငယ်တစ်ခုပျက်စီးသွားတာကြောင့် လက်ရှိကုန်ကားကြီးတွေသွားလာလို့မရဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ကားလမ်းမြေပြိုတာတော့ဟုတ်တယ် တံတားသေးသေးလေးတစ်ခုလည်းပါသွားတယ်တဲ့။…

    Read More »
  • Feb- 2024 -
    2 February
    သတင်း

    ကန်ပိုက်တည်နယ်စပ်ဂိတ်မှာ လိုင်စင်မဲ့ကားတွေရပ်နားပြီး ဒေသခံကားသမားတွေပြန်ပြီးအသုံးပြုနေ

    ဝိုင်းမော်မြို့နယ်မှာ တစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေအသုံးပြုနေတဲ့ လိုင်စင်မဲ့တရားမဝင် ၂၂ ဘီး( တွဲကား) တွေရပ်နားလိုက်ပြီး ဒေသခံကားတွေကိုပြန်ပြီး အသုံးပြုအလုပ်လုပ်နေပြီဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

    Read More »
  • Jan- 2024 -
    16 January
    သတင်း

    ကသာမြို့အဝင်ဂိတ်ဖြတ်သန်းသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ငွေလုယက် တာတွေလုပ်နေ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်အဝင်ဂိတ်ကိုဖြတ်သန်းတဲ့ ကုန်ကားတွေအပါအဝင် ဖြတ်သန်းသူတွေအားလုံးကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေတဲ့အပြင် ကားသမားတွေဆီကငွေလုယက်တာတွေပါရှိ‌တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ဆိုရင် ကသာမြို့အဝင်ဂိတ်ကို ဖြတ်လာတဲ့ ကျွဲ၊နွား ကုန်သည်တွေကို စစ်ကောင်စီတပ်ကစစ်ဆေးပြီး ပါလာတဲ့ငွေသိန်း ၇၀…

    Read More »
  • Oct- 2023 -
    18 October
    သတင်း

    မူဆယ် – လားရှိုးလမ်းမကြီးမှာ ငွေးကြေးတောင်းခံတဲ့ စစ်တပ်ဂိတ်တွေ ပိုများလာတဲ့အတွက် ကားသမားများအခက်တွေ့နေ

    မူဆယ် – လားရှိုးလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ မြို့၊ရွာ အဝင်အထွက် တိုင်း ဂိတ်ချပြီး ကားသမားတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စုပေါင်းပြီး မြို့အဝင်အထွက်တိုင်း နှစ်ဖက်လုံးမှာဂိတ်ချပြီး ခရီးသွားယဉ် ကားသမားတွေထံကနေ…

    Read More »
  • Jul- 2023 -
    10 July
    သတင်းphoto- စစ်တပ်က ဖမ်းဆီးသွားတဲ့ ကားသမားဦးဇော်အောင်

    စစ်တပ်ဂိတ်ကဖမ်းသွားတဲ့ ကားသမား ၂လကြာပေမယ့် မိသားစုနဲ့အဆက်အသွယ်မရသေး

    ကွတ်ခိုင်မြို့နယ် နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ KIA တပ်သား ၄ ဦးနဲ့အတူဖမ်းခံလိုက်ရတဲ့ ကားသမားကို ယနေ့ချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ကွတ်ခိုင်မြို့  ရပ်ကွက် ၇ တွင်နေထိုင်သော ဦးဇော်အောင်ဆိုတဲ့ကားသမားဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ နမ်ဖတ်ကာစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံသွားရတာဖြစ်တယ်လို့ ဇနီးဖြစ်သူ ဒေါ်လဖိုင်ဂျာအိန်မှ KNG သတင်းဌာနအား ယခုလိုပြောပြသည်။ “အခုချိန်ထိ ဘာသတင်းမှမကြားတော့တာ။ သူက မူဆယ်နဲ့ကွတ်ခိုင်ကြား ကားဆွဲတဲ့အလုပ်လုပ်တယ်။ အဲ့နေ့က မူဆယ်ကနေ ဒီဘက်ကိုဆင်းလာဖို့လုပ်ချိန် ခရီးသည်မရှိတာကြောင့် အိမ်ကိုပဲတန်းပြန်လာပြီး…

    Read More »
  • Mar- 2023 -
    31 March
    လူ့အခွင့်အရေးချိုးဖောက်မှုKamaing

    ကားမိုင်းတွင် ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းမြို့အဝင် ယခင် စစ်တပ်ဂိတ်ရှိသည့်နေရာတွင်  စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် စစ်သားများက ဖားကန့်တက်လာသည့် ကုန်ကားသမားတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သိရသည်။ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်…

    Read More »
  • Jan- 2023 -
    31 January
    လူ့အခွင့်အရေးချိုးဖောက်မှုHpakant Photo

    စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ယနေ့ထိ ဆက်သွယ်၍မရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ လုံးခင်းကျေးရွာ ဥရုပန်းချီစားသောက်ဆိုင်ရှေ့တွင် ဇန်နဝါရီလ ၂၉ရက်နေ့ မွန်းလွဲ ၄…

    Read More »
  • Dec- 2022 -
    10 December
    သတင်း

    စစ်ကောင်စီ စစ်သားများပါရှိသည့် ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားသမားသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်နှင့် ချီဖွေ လမ်းမကြီးပေါ်တွင် စစ်ကောင်စီစစ်သားများလိုက်ပါ စီးနင်းလာသည့် ကုန်တင်ကားတစ်စီးပစ်ခတ်ခံရပြီး ကားသမားဖြစ်သူ ကျည်ထိမှန်သေဆုံးသွား ကြောင်းဒေသခံများ ထံမှသိရသည်။ ဒီဇင်ဘာလ ၉ရက်နေ့ မွန်းလွှဲပိုင်းအချိန် ချီဖွေမြို့နယ်ဘက်မှ ရွှေလုပ်ကျင်းသားများအပါ စစ်ကောင်စီစစ်သား အချို့ပါလာသည့် ဆယ်ဘီးကားတစ်စီး ဝိုင်းမော်မြို့နယ်…

    Read More »
Back to top button