စစ်ကိုင်း
-
Aug- 2023 -2 Augustသတင်း
အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ်လ ၂…
Read More » -
Jul- 2023 -25 Julyသတင်း
စစ်ကိုင်းတိုင်းဟာ လူသားချင်းစာနာထောက်ပံ့မှုအကူညီ လုံးဝမရရှိသေးဘူးဟုဆို
မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းကအကူညီလိုအပ်ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က နိုင်ငံတကာမြန်မာ့ သတင်းအဖွဲ့ BNIက အွန်လိုင်းကနေ မိတ်ဆက်လိုက်တဲ့ သုတေသနစာတမ်းအရ သိရပါတယ်။ အဲ့ဒီစာတမ်းထဲမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ်မေလ ၁၆ ရက်နေ့အထိစစ်ကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ဒဿမ ၅၆ သန်းကျော်ရှိပြီး အဲ့ဒီထဲမှာစစ်ကိုင်းတိုင်းက ခြောက်သိန်းခြောက်သောင်းကျော်နဲ့အများဆုံးဖြစ်တယ်လို့ BNI ရဲ့စာတမ်းမှာပါရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာမူအကူအညီအလိုအပ်ဆုံးဒေသဟာစစ်ကိုင်းနဲ့မကွေးက အလိုအပ်ဆုံးဒေသဖြစ်တယ်လို့ နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့BNI ရဲ့စီမံခန့်ခွဲမူဒါရိုက်တာ ဒေါ်တင်တင်ညို က…
Read More » -
18 Julyသတင်း
လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့က ဇူလိုင်၁၈ရက်နေ့ ညနေ ၆နာရီလောက်မှာ မုံရွာအနောက် မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ Mi 35 ရဟတ်ယာဥ်နဲ့ ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “တကန်သာရွာကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အိမ် ၇လုံးလောက် မီးထဲပါသွားတယ် ဒေသခံ တစ်ဦးတော့ ခေါင်းနည်းနည်းထိတယ် စိုးရိမ်စရာတော့မရှိပါဘူး လက်ရှိတော့ ဒီအခြေနေတွေကြောင့်…
Read More » -
17 Julyသတင်း
ကန့်ဘလူ၊ကျွန်းလှနဲ့ကောလင်း သုံးမြို့နယ်အစပ်က ရွာပေါင်း ၂၅ ရွာလျှပ်စီးမီးဖြတ်တာ ၄ လကျော်ရှိလာ
စစ်ကိုင်းတိုင်း ကန့်ဘလူ ကျွန်းလှနဲ့ ကောလင်းအစပ်က ရွာပေါင်း ၂၅ရွာကိုစစ်ကောင်စီတပ်က လျှပ်စီးမီး ဖြတ်တောက်ထားတာ ၄လကျော်ကြာမြှင့်လာပြီဖြစ်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကနေ သိရပါတယ်။ ကျွန်းလှနယ် ကံပေါက်ရွာမှာရှိတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့နေရာကိုစစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကတည်းက လျှပ်စစ် မီးဖြတ်တောက်ခဲ့တာဖြစ်ပြီး ဒေသခံတွေအခက်အခဲများစွာကြုံနေရတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “အခက်အခဲကတော့အများကြီးပေါ့ ဒီအခြေနေကြောင့်ပြည်သူတွေတော်တော်ခက်ခဲသွားတယ် အကုန်လုံး အဆင်မပြေဘူးပေါ့ အဲ့ဒီထဲမှာအခက်ခဲဆုံးက ဆက်သွယ်ရေးအခက်အခဲနဲ့…
Read More » -
14 Julyသတင်း
ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…
Read More » -
13 Julyသတင်း
ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား
စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြားမနေ့ကဇူလိုင်လ၁၂ရက်နေ့ နေ့လည်ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့၅ရက် လောက်တည်း ကဦးတည်လှုပ်ရှားနေတာ မနေ့ကကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့…
Read More » -
12 Julyသတင်း
ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်နယ်တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။…
Read More » -
12 Julyသတင်း
ဗန်းမောက်ဘက်သို့တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အင်းတော် PDF ကစောင့်ကြိုတိုက်ခိုက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မော်တိတ်ဒေသအနီးမှာ အင်းတော် PDF စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကြောင်းဟာ မော်တိတ်ဒေသထဲ ဇူလိုင်လ…
Read More » -
11 Julyသတင်း
အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ ဇူလိုင် ၁၀ရက်နေ့ မနေ့ကမနက်ပိုင်း၄နာရီလောက်မှာ မြင်းမူကနေအင်အား၁၀၀ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နယ်ထဲကကျေးရွာတွေကိုဝင်ရောက်တပ်စွဲခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ Danger Force LPDFမှတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “မြင်းမူနဲ့အရာတော်နဲ့အစပ်မှာဖြစ်နေတာ မနေ့ကမနက်ခင်းအစောကြီးရောက်တာ မနေ့ကတော့ထိတွေ့ မူ၄ကြိမ်ဖြစ်တယ်။ သူတို့ကရွာ ၃ရွာမှာဖြန့်ပြီးအထိုင်ချထားတာတိုက်ပွဲကဒီနေ့လည်းဖြစ်နေတာ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်အခြေနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး”လို့ပြောပါတယ်။…
Read More » -
10 Julyသတင်း
ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်
စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။…
Read More »









