စစ်ကိုင်း
-
Jul- 2023 -14 Julyသတင်း
ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…
Read More » -
13 Julyသတင်း
ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား
စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြားမနေ့ကဇူလိုင်လ၁၂ရက်နေ့ နေ့လည်ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့၅ရက် လောက်တည်း ကဦးတည်လှုပ်ရှားနေတာ မနေ့ကကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့…
Read More » -
12 Julyသတင်း
ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်နယ်တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။…
Read More » -
12 Julyသတင်း
ဗန်းမောက်ဘက်သို့တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အင်းတော် PDF ကစောင့်ကြိုတိုက်ခိုက်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မော်တိတ်ဒေသအနီးမှာ အင်းတော် PDF စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကြောင်းဟာ မော်တိတ်ဒေသထဲ ဇူလိုင်လ…
Read More » -
11 Julyသတင်း
အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ ဇူလိုင် ၁၀ရက်နေ့ မနေ့ကမနက်ပိုင်း၄နာရီလောက်မှာ မြင်းမူကနေအင်အား၁၀၀ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နယ်ထဲကကျေးရွာတွေကိုဝင်ရောက်တပ်စွဲခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ Danger Force LPDFမှတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “မြင်းမူနဲ့အရာတော်နဲ့အစပ်မှာဖြစ်နေတာ မနေ့ကမနက်ခင်းအစောကြီးရောက်တာ မနေ့ကတော့ထိတွေ့ မူ၄ကြိမ်ဖြစ်တယ်။ သူတို့ကရွာ ၃ရွာမှာဖြန့်ပြီးအထိုင်ချထားတာတိုက်ပွဲကဒီနေ့လည်းဖြစ်နေတာ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်အခြေနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး”လို့ပြောပါတယ်။…
Read More » -
10 Julyသတင်း
ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်
စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။…
Read More » -
7 Julyသတင်း
လက်နက်ကြီးကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ကလေးငယ်အတွက် အကူညီများလိုအပ်နေ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောာင်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့်လက်နက်ကြီးထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ကလေးငယ်အတွက် အကူညီများလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦး၊ပေါက်ခုံအနားမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီ တပ်နဲ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း၆နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်ကပြောပါတယ်။ “ပြီးခဲ့တဲ့မေလလောက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တယ်ဗျ အဲ့ချိန် ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြတာပေါ့လှည်းတွေဆိုင်ကယ်တွေနဲ့ပြေးကြတဲ့အချိန် လက်နက် ကြီးကျတာဗျအသက်တော့ ကယ်လိုက်နိုင်ပေမဲ့ ညာဖက်ခြေထောက်တော့ဖြတ်လိုက်ရတယ်ဗျ ကူညီပံ့ပိုးမူ…
Read More » -
4 Julyဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း
တလိုင်းကျေးရွာစီးနင်းခံရပြီး PDF ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်း ဝင်ရောက်စီးနင်းလာပြီး ရွာထိပ်မှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ဝင် ( ပကဖ) ၅ ဦးကို သတ်ဖြတ်သွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက…
Read More » -
3 Julyစစ်ပြေးဒုက္ခသည်များ
နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “နန့်သာရွာထဲမှာသတ်ခံရတာ…
Read More » -
Jun- 2023 -24 Juneသတင်း
ဝက်လက်မြို့နယ် ဒေသခံ၂ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အနောက်ခြမ်း တကောင်းမင်းကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု Wetlet Imformational Network အဖွဲ့ထံမှ သိရသည်။ ဇွန်လ၂၂ရက်နေ့ မနက်ပိုင်း ၉နာရီခန့် ဝက်လက်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် တကောင်းမင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Wetlet Imformational Network မှတာဝန်ရှိသူ တစ်ဦးကပြောသည်။…
Read More »









