စစ်ရှောင်
-
Jan- 2024 -31 Januaryသတင်း
ဆားမှော်စစ်ရှောင်ပြည်သူများ မြေနေရာအသစ်မှာ ရွှေ့ပြောင်းနေထိုင်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာက စစ်ရှောင်တွေဟာ စစ်ရေးအခြေအနေ၊ အခက်အခဲတွေကြုံလာတဲ့အတွက် ရပ်ရွာဒေသခံတွေ၊ အသင်းတော်လူကြီးတွေ ဝိုင်းဝန်းပူပေါင်းပြီး စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာကိုယ်ထူကိုယ်ထစနစ်နဲ့ နေထိုင်ဖို့စီစဉ်ခဲ့ကြတာဖြစ်တယ်လို့ ရပ်ရွာတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
Read More » -
Nov- 2023 -29 Novemberသတင်း
မိုင်းခေါင်စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှာရှိတဲ့ KBC စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ ကပြောပါတယ်။ မံစီမြို့နဲ့အလှမ်းဝေးတဲ့ မိုင်းခေါင်ရွာဟာ စစ်ရေးအခြေအနေတွေကြောင့် သွားလာရေးအခက်အခဲတဲ့အပြင် စစ်ရှောင်တွေဟာအပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ရန် ခက်ခဲလာတာကြောင့် စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်လို့ မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက KNG ကိုပြောပါတယ်။ “အရင်ကထက်လည်း ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ အခုဆိုပိုက်ဆံရှာရတာလဲခက်၊ ရှာဖွေစားသောက်ဖို့ ကလည်းခက်၊ အဲ့တာကြောင့် အစားအသောက်ဆိုရင်လည်းဖြစ်သလို ဖြေရှင်းနေကြတာပေါ့” လို့ပြောပါတယ်။ မိုင်းခေါင်ဘက်က စစ်ရှောင်တွေဟာအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ မြေယာတွေငှားပြီး လယ်ယာစိုက်ခင်းလုပ်ရင်းရင်း တစ်ဖက်မှာလည်း နေ့စားအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် နေ့စားအလုပ်တွေကို ရှာလုပ်လို့ရခဲ့ပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အပြင်ထွက်…
Read More » -
Oct- 2023 -30 Octoberသတင်း
ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ
ရှမ်းမြောက် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေရာကနေ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ မုံးကိုး ၊ ဖောင်ဆိုင်း…
Read More » -
12 Octoberသတင်း
အောင်မြေ ၁ ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်တဲ့ နမ်ဆန်ယန်စစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ
ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီဖြစ်တဲ့ နမ်ဆန်ယန်ဒေသခံစစ်ရှောင်တွေအတွက် အစားအသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း ကော်မတီအဖွဲ့ဝင်တွေကနေ သိရပါတယ်။ မြစ်ကြီးနား–ဗန်းမော်ကားလမ်းမပေါ် ကဇူးရွာမှာစစ်ရှောင်နေတဲ့ နမ်ဆန်ယန်စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်တပ်ဖွဲ့တွေက လူသားဒိုင်းအဖြစ် စစ်ရှောင်အမျိုးသား ၈ ယောက်ကိုဆွဲခေါ် ဖမ်းဆီးသွားရာကနေ စစ်ရှောင်တွေဟာ လုံခြုံရေးအခြေအနေစိုးရမ်ရတဲ့အတွက် စက်တင်ဘာလ ၂၇ ရက်နေ့မှာ အရေးးပေါ် ပြောင်းရွေ့လိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းဆောက်လုပ်မပြီးစီးသေးပေမယ့် ခုလိုအရေးပေါ်ပြောင်းရွှေ့လိုက်ရလို့ စားနပ်ရိက္ခာတွေခက်ခဲနေတယ်လို့ စစ်ရှောင်ကော်မတီအဖွဲ့ဝင်…
Read More » -
2 Octoberသတင်း
ကန့်ဘလူမှာ စစ်ဘေးရှောင် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းဝယ်ယူဖို့ခက်ခဲနေ
စစ်ကိုင်းတိုင်းကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအဘက်ဘက်က အခက်အခဲတွေ ကြုံတွေ့နေရပြီးတော့ အဲ့ဒီထဲက စစ်ဘေးရှောင် အမျိုးသမီးတွေ လစဥ်သုံးပစ္စည်းဝယ်ယူဖို့ခက်ခဲနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ကန့်ဘလူခရိုင် အတွင်းက စစ်ဘေးရှောင်တွေနဲ့ရွာတွေမှာနေထိုင်နေဆဲဖြစ်တဲ့ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေသွားပေးခဲ့ကြရာ စစ်ဘေးရှောင်တွေ အရင်နှစ်တွေထက်ပိုခက်ခဲလာတာကိုတွေ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။…
Read More » -
Sep- 2023 -28 Septemberသတင်း
လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၇ ရက်၊ မွန်းလွဲ ၁…
Read More » -
19 Septemberသတင်း
ဒေါ့ဖုန်းယန်စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတွေအတွက် အမျိုးသမီးအသုံးဆောင်များ ကူညီထောက်ပံ့မှုတွေလိုအပ်နေ
မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်တစ်လျှောက်တိုက်ပွဲကြောင့် ဒေ့ါဖုန်းယန်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ရေချိုးခန်း၊အိမ်သာ လုံလောက်မှုမရှိတဲ့အပြင် စစ်ရှောင်အမျိုးသမီးတွေမှာလည်း အမျိုးသမီးအသုံးအဆောင်မရှိတဲ့အတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကပြောပါတယ်။ ဒေါ့ဖုန်းယန် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ၂ လ ကျော်လောက်အကြာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေမှာ ရေချိုးခန်၊ အိမ်သာနဲ့…
Read More » -
4 Septemberသတင်း
ကန့်ဘလူမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက်ကခြမ်းကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၅နာရီလောက်မှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတာလို့ထန်းကုန်းတိုက်နယ်တာဝန်ခံတစ်ယောက်ကပြောပါတယ်။ “သူတို့ကတော့ နယ်မြေရှင်းလင်းရေးဆိုတဲ့ခေါင်းစဥ်နဲ့…
Read More » -
Aug- 2023 -30 Augustဆောင်းပါး
စစ်ရှောင်တွေ ရဲ့ အားကိုးရာလက်တစ်စုံ ကိုသူရိန်ဇင်
“ကလေးမြို့နယ် တောင်ပိုင်းမှာ ပထမဆုံးမီးရှို့ခံခဲ့ရတာ ကျနော့အိမ်ဗျ” အသံတုန်တုန်ရီရီ နဲ့ ဆိုလာသူက ကလေးမြို့ရဲ့အစွန်ဆုံး မကွေးတိုင်းနဲ့ အစပ်မှာရှိတဲ့ ကြံသာရွာသား အသက် ၂၇ နှစ်အရွယ် ကိုသူရိန်ဆိုသူပါ။ ကိုသူရိန်ဟာ အသားခပ်ညိုညို၊ ခန္ဓာပိန်ပိန် ပါးပါး၊ မျက်ခုံးမျက်ဖန်ကောင်းပြီး ကြည့်ကောင်းတဲ့ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ပါ။ သူဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သလို…
Read More » -
16 Augustသတင်း
မြင်းမူမှာ စစ်ဘေးရှောင် ၄ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင် အမျိုးသား ၄ ယောက်ကို သေနတ်နဲ့ပစ်သတ်သွားတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာ စစ်ကိုင်းမြို့နယ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြင်းမူမြို့နယ် ရွာတော်လေးရွာကို…
Read More »









