တိုက်ပွဲ
-
Mar- 2024 -26 Marchသတင်း
ပူတာအိုမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်ပြတ်လပ်စပြုလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၈ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ခုဆိုရင်ရက်ပေါင်း ၂၀ ကြာမြင့်လာပြီး ပူတာအိုဘက်ကို ဆီကားအဝင်ရပ်တန့်နေတာကြောင့် စက်သုံးဆီပြတ်စပြုနေပြီဖြစ်တယ်လို့ ပူတာအိုမြို့အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆီချို့ဆီဆိုင်တွေမှာတော့ ဆီတွေပြတ်နေပြီ တန်ဂူးတန်ဆိုင်တို့ဆိုဆီမရတော့ဘူး ၂ရက်သုံးရက်ရှိပြီ တိုင်းကျော်နဲ့ ဇေယျာမင်းမှာတော့ မနက်ပိုင်းခနပဲရောင်းပေးတယ် လိုသလောက်မရဘူး တနေကုန်ဆိုင်ပိတ်ထားတယ်”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေဖြစ်တဲ့ တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 ၊ BTK ၊ တိုင်တည်တန့် နဲ့ အခြားဆီးပန့်ဆိုင်ကြီးတွေအားလုံးနီးပါးမှာဆီပြတ်လပ်စပြုနေပြီလို့ ဆီကိုအကန့်သတ်နဲ့သာဝယ်ယူနေရတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။ “တချို့ဆီဆိုင်တွေ တချို့ကမဖွင့်တော့ဘူးလောလောဆယ် တိုင်းကျော်နဲ့ ဇေယျာမင်းတို့မှာ မနက် ၉နာရီ ခွဲလောက်ထိ ဆိုင်ကယ်တစ်စီးကို ငါးထောင်ဖိုးအတိပဲထည့်ပေးတယ် ကားဆီဆိုရင်တော့ ၂၀၀၀၀ ထိလားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ တိုင်းကျော်နဲ့ဇေယျာမင်းဆိုင်မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၄၀၀၀ အထိရှိပြီး လမ်းဘေးပုလင်းချိန်ဆိုင်မှာ တစ်ပုလင်းကျပ် ၅၀၀၀ အထိရောင်းပေမယ့် လိုသလောက်မရနိုင်ဘဲ အကန့်အသတ်နဲ့သာရောင်းချပေးတယ်လို့သိရပါတယ်။ ဒါ့အပြင် ပူတာအိုဒေသဘက်ကိုဆီကားတွေအဝင်ရပ်တန့်နေတဲ့အပြင် ကုန်ကားတွေလည်း အဝင်လည်းမရှိတော့တာကြောင့် ကုန်းစျေးတွေလည်းအဆမတန်မြင့်တက်နေသလို စားသောက်ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ခရမ်းချဥ်သီးတို့က ဘယ်ဆိုင်မှာမှဝယ်မရတော့တာ ၄ရက် ၅ရက်လောက်ရှိပြီ။ ကြက်ဥက ပထမတစ်လေးလုံး ၅၀၀၀ အထိတက်တာ အခုက သုံးလုံး ၅၀၀၀ တောင်ဖြစ်သွားပြီ ဆားက တစ်ထုတ်ပ်ကို ၁၀၀၀ ကျော်နေပြီ အောက်ပိုင်းငါးဆိုရင်တစ်ပိသာ ၄၀၀၀၀ ကျော် ၅၀၀၀၀ ထိရှိတယ် တစ်ကောင်ကို ၁၀၀၀၀ တဲ့ဒေသငါး”လို့ပူတာအိုမြိုခံ စျေးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအ်ို မြစ်ကြီးနား ကားလမ်းပိုင်းမှာရှိတဲ့ ဆွမ်မရာဘွမ်မြို့နယ်ထဲမှာ မတ်လ ၈ ရက်နေ့ညပိုင်းကတည်းက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ ဆွမ်ပရာဘွမ်မြို့ကို KIA ၊KPDF မဟာမိတ်တပ်တွေက သိမ်းပိုက်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြစ်ကြီးနား ပူတာအိုကားလမ်းပိုင်းကို နှစ်ဖက်တပ်တွေက မတ်လ ၈ ရက်နေ့ ည ၄ နာရီအချိန်ခန့်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
26 Marchသတင်း
ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ နှစ်ဖက်ထိတွေတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့သလို အရပ်သားတစ်ယောက်လည်းသေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က…
Read More » -
25 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ
မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉…
Read More » -
15 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
Read More » -
14 Marchသတင်း
ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်
ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀…
Read More » -
14 Marchသတင်း
ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ
မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။
Read More » -
14 Marchသတင်း
ကားမိုင်းမြို့အဝင်အထွက်အားလုံး စစ်တပ်ကပိတ်ဆို့ထား
ဖားကန့်သွားလမ်း ကားမိုင်းမြို့မှာ ဒေသခံပြည်သူတွေက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်တဲ့နေရာကို ထွက်ပြေးတိမ်းရှောင်ကြဖို့ စီစဉ်နေချိန် စစ်တက်က မြို့အဝင်အထွက်အားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကားစစ်တပ်ဗျူဟာကုန်းကို ရှင်းလင်းဆောင်ရွက်မယ်လို့…
Read More » -
11 Marchသတင်း
တာမခံတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးရမိ
၁၀ ရက်ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့် တာမခံကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်ထိန်းချုပ်လိုက်ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကနေ သေဆုံးသူ ၇၀ ခန့်အထိရှိခဲ့ပြီးတော့ ဖမ်းဆီးရမိသူ ၂၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ “တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား…
Read More » -
11 Marchသတင်း
အောင်မြေ(၂) ဒေသခံပြည်သူရာချီ ပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်၊
တိုက်ပွဲကြေင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်က ကယ်ထုတ်ဖို့ ခွင့်မပြုတာကြောင့် ဒေသခံရာချီပိတ်မိနေဆဲဖြစ်ပြီး ထွက်လာတဲ့ သူတွေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ မတ်လ ၈ ရက်နေ့ကစပြီး ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်လာလို့မရအောင်…
Read More » -
9 Marchသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား
မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ “ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ…
Read More »







