သတင်း

နန့်ယားတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန်ယားစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသခံပြည်သူအတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။

နန့်ယားမှာ ဧပြီလ  ရက်နေ့မှစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်တပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲ  ရက်အတွင်း ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမှာ လက်နက်ကြီးကျည်ထိမှန်တာအပြင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၂၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ကူညီထောက်ပံ့တာတွေလိုအပ်နေတယ်လို့ နန့်ယားမှာနေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

ခုဒီမှာက တစ်ချို့ကဝင်တာတော့ဝင်နေကြပြီ အားလုံးတော့မဝင်သေးဘူး။ ဝင်လို့ရပေမယ့် တစ်ချို့အိမ်တွေလုံးဝယူလို့မရတော့တဲ့အခြေနေဆိုတော့ ဖြစ်နေကြတယ် ယာယီနေဖို့တဲလေးတွေဆောက်ဖို့လုပ်နေကြတာတော့ရှိတယ်လို့ ပြောပါတယ်။

နန့်ယား ခလရ ၁၂၀ တပ်ကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၀ ရက်နေ့သိမ်းယူထားနိုင်ပြီး လက်ရှိချိန်မှာတော့ ဒေသခံပြည်သူတစ်ချို့ရွာထဲကို ပြန်ပြီးဝင်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။သို့ပေမယ့် နေအိမ်အများပိုင်းမှာ နေထိုင်လို့မရတော့တဲ့အခြေနေထိ မီးလောင်ပျက်စီးခဲ့တာကြောင့် နေထိုင်ဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် မီးလောင်ပျက်စီးသွားတဲ့ထဲမှာ ဘာသာရေးအဆောက်အဦးတစ်ချို့နဲ့ စာသင်ကျောင်းအပြင် စျေးဆိုင်တစ်ချို့လည်းပါဝင်ပြီး လက်ရှိကုန်စျေးနှုန်းမြင့်တက်နေတဲ့ကာလမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

ဘုရားကျောင်းတွေမှာထိမှန်ထားတာလည်းရှိတယ် ပြီးတော့ ကုန်စုံဆိုင်တွေလည်းထိထားတာရှိတယ် ခုချိန်ဖားကန့်မှာက ကုန်စျေးနှုန်းကြီးတာနဲ့ဆို ပြန်လည်ထူထောင်ရေးတော့လွယ်တော့မလွယ်လောက်သေးဘူးလို့ နန့်ယားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နန့်ယားကျေးရွာဟာ မြစ်ကြီးနား– ဖားကန့်သွားလမ်းမပေါ်မှာရှိပြီး စစ်ဆေးရေးတင်းကြပ်ဆုံးဂိတ်ရှိတာကြောင့် နန့်ယားဒေသခံတွေအပါအဝင် ခရီးသွားပြည်သူတွေဟာ မကြာခနစစ်ဆေးဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။ ဒါပမေယ့် လက်ရှိစစ်တပ်ဂိတ်မရှိတော့တာကြောင့် ဒေသခံပြည်သူများသွားရေးလာရေးမှာအခက်ခဲမရှိတော့ဘူးလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာမြှောက်တပ်စခန်းနေရာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နန့်ယား၊ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ်မှော်စတဲ့ တပ်စခန်းတွေကို  လအတွင်းမှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါ့အပြင်  အာဏာသိမ်း  နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နေအိမ်ပေါင်း ၂၈၃,၇၄၆  လုံးမီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data for Myanmar ကမနေ့ကထုတ်ပြန်ထားပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနေ တဖြေးဖြေး ပြန်ပြီးမြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းထဲ ,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးအများဆုံးပါဝင်သလို ကချင်အပါအဝင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်းနေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button