တိုက်ပွဲပြင်းထန်
-
Feb- 2024 -26 Februaryသတင်း
ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး ၂ ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ ၄ ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်”လို့ပြောပါတယ်။ ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ၂ ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ အင်းတော်နယ်ထဲမှာတင် နန့်တဲ၊ ဘူးတလက်နဲ့ ကျောင်းကုန်းနေရာတွေမှာ အထက်ကိုတက်လို့မရအောင် ပိတ်ဆို့ထးတာကြောင့် ကားအကြီးအသေးအရီသည်းကား အစီး ၅၀၀ လောက် ပိတ်ဆို့နေပြီး ရွှေဘိုဘက်ခြမ်းမှာလည်း ရာကျော်ပိတ်ဆို့မှုရှိနိုင်တယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ခရီးသည်ကားတွေဟာအထက်ကို ဆက်တက်လို့မရဘဲ အင်းတော်နယ် မဲဇာတောင်ခြေအနီးတဝိုက်မှာ ပိတ်ဆို့မှု အများဆုံးဖြစ်နေတယ်လို့ လက်ရှိပိတ်ဆို့ခံထားရတဲ့ ကားသမားတစ်ယောက်က အခုလိုပြောပြလာပါတယ်။ “မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေက ကျောက်တန်းမှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားတာကြားလို့ အင်းတော်နယ်ဖက်မှာ ပိတ်ထားတာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ရှေ့ဆက်တိုးလို့မရဘူး ။ ဒီကအဖွဲ့အစည်းတွေလည်း မမောင်းခိုင်းဘူး။ အသံတွေက ကြားနေရသေးတယ်”လို့ပြောပြပါတယ်။ ပိတ်ဆို့ထားတာ ၄ ရက်လောက်ကြာမြင့်လာချိန် အင်းတော်ဘက်က ခရီးသည်ကားအသေးတစ်ချို့ ဒီကနေ့စပြီးရှောင်ကွင်းလမ်းဘက်ကနေသွားလာနေကြပြီလို့ သိရပေမယ့် ကုန်တင်ကားအကြီးတွေနဲ့ ခရီးသည်ယာဉ်အကြီးတွေကတော့ သွားလာလို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေတက်လာပြီး ရွှေဘိုမြို့နယ်ခြမ်းမှာပိတ်ဆို့နေတဲ့ ကားသမားတွေရဲ့အခြေနေကိုလည်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရသေးဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကို မကြာခဏပိတ်ဆို့ခံထားရတာရှိသလို မန္တလေး– မြစ်ကြီးနား လမ်းမ နန့်စီးအောင်ဂိတ်မှာလည်း စစ်ရေးအခြေနေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တစ်ပတ်ခန့်ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
22 Februaryသတင်း
ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ
“မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
Read More » -
14 Februaryသတင်း
ရွှေပြည်အေးကို ကာကွယ်ရေးတပ်တွေ ဒုတိယအကြိမ် ပြန်လည်ထိန်းချုပ်ထားနိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒုတိယအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါတယ်။ စစ်ကောင်စီတပ် ၊ SNA တပ်တွေ နဲ့ ပျူစောထီး ပူးပေါင်းတွေပါဝင်တဲ့ အင်အား ၁၀၀ ခန့်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွှေပြည်အေးမြို့ထဲက…
Read More » -
12 Februaryသတင်း
တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကျောက်ဖျာကျေးရွာ ပြည်သူများထွက်ပြေးတိမ်းရှောင်
စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာမှာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တို့…
Read More » -
7 Februaryသတင်း
NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကောလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။ စစ်ကောင်စီတပ်ဘက်က…
Read More » -
Jan- 2024 -31 Januaryသတင်း
ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီ နဲ့ SNA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်၊ SNAတပ်နဲ့ ပျူစောထီးတွေပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရွှေပြည်အေးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ် ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
Read More » -
16 Januaryသတင်း
ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲ
စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ကနေ…
Read More » -
9 Januaryသတင်း
နမ်တိန့်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်သွားလမ်း နမ့်တိန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲ အဖြစ် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၄ ရက်မြောက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲ ဝန်းကျင်လောက်ကနေ…
Read More » -
Dec- 2023 -27 Decemberသတင်း
နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်း နဲ့ ပစ်ခတ်နေ
ရှမ်းမြောက် လားရှိုးအရှေ့ဘက် မန်တုံမြို့ကို ညီနောင်မဟာမိတ်တွေသိမ်းပိုက်ပြီးနောက် နမ္မတူမြို့ကို ဆက်လိုက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ဒီကနေ့ နမ္မတူမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်တာတွေလည်းရှိနေတယ်လို့…
Read More » -
15 Decemberသတင်း
KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်လိုက်တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မုန်လိုင်ခက်ဘက်ကမှာကျတာ ကျနော်သိရလောက် မနက်ကနေ ပစ်နေတာ ခုဆိုရင် ၃ လုံးလောက်ရှိပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်မှာလည်း နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောတာကတော့ စစ်ကောင်စီဟာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ ယော်ယုံဘွမ် (Yaw Yung Bum ) အထိုင်ချထားတဲ့ စခန်းကနေ မြို့ထဲကိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အပြင် လက်နက်ကြီးကျရောက်ပေါက် ကွဲတာကြောင့် ကလေးငယ် ၂ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။ “ဘယ်ကပစ်သလဲ တိတိကျကျမသိရသေးဘူး ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum ) ကုန်းဘက်ကဘဲ။ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ယောက်ထိထားလည်း စိုးရိမ်စရာတော့မလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်် ၅ မှာနေထိုင်တဲ့ မိုင်ဂျာယန်ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း…
Read More »