တိုက်ပွဲပြင်းထန်

  • Dec- 2023 -
    27 December
    သတင်း

    နမ္မတူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်း နဲ့ ပစ်ခတ်နေ

    ရှမ်းမြောက် လားရှိုးအရှေ့ဘက် မန်တုံမြို့ကို ညီနောင်မဟာမိတ်တွေသိမ်းပိုက်ပြီးနောက် နမ္မတူမြို့ကို ဆက်လိုက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ဒီကနေ့ နမ္မတူမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်တာတွေလည်းရှိ‌နေတယ်လို့…

    Read More »
  • 15 December
    သတင်း

    KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ

    မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်လိုက်တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မုန်လိုင်ခက်ဘက်ကမှာကျတာ ကျနော်သိရလောက် မနက်ကနေ ပစ်နေတာ ခုဆိုရင် ၃ လုံးလောက်ရှိပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်မှာလည်း နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောတာကတော့ စစ်ကောင်စီဟာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ ယော်ယုံဘွမ် (Yaw Yung Bum ) အထိုင်ချထားတဲ့ စခန်းကနေ မြို့ထဲကိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အပြင် လက်နက်ကြီးကျရောက်ပေါက် ကွဲတာကြောင့် ကလေးငယ် ၂ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။ “ဘယ်ကပစ်သလဲ တိတိကျကျမသိရသေးဘူး ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum ) ကုန်းဘက်ကဘဲ။ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ယောက်ထိထားလည်း စိုးရိမ်စရာတော့မလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်် ၅ မှာနေထိုင်တဲ့ မိုင်ဂျာယန်ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း…

    Read More »
  • 14 December
    သတင်း

    မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုတိုက်ခိုက်

    ရှမ်းပြည်မြောက်ပိုင်း မူဆယ်၁၀၅ မိုင်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပြီး…

    Read More »
  • Nov- 2023 -
    29 November
    သတင်း

    တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းသိမ်းပိုက်ထားပြီလို့ ကာကွယ်ရေးတပ်ဘက်ကအတည်ပြု

    စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်း ၁၁နာရီ တည်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းအထိသိမ်းပိုက်ထားပြီလို့ တန့်ဆည်ကာကွယ်ရေးတပ်ဘက်က အတည်ပြုပါတယ်။ “အားလုံးပြီးအောင်တော့မသိမ်းနိုင်သေးပါဘူး ၉၀ ရာခိုင်နှုန်းသိမ်းထားပြီ လို့တော့…

    Read More »
  • 20 November
    သတင်း

    တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားနိုင်တဲ့ နမ့်ခမ်းဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေ

    ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ၅ ရက်ဆက်တိုက်ရှိလာပြီးတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းရော မြေပြင်ကနေပါ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက နမ့်ခမ်းမြို့တွင်း စစ်ကောင်စီတပ်နဲ့…

    Read More »
  • 9 November
    သတင်း

    ထီးချိုင့်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလေကြောင်းအသုံးပြုပြီးတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မနေ့ကတည်းက ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်း မှာ…

    Read More »
  • 8 November
    သတင်း

    ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေပြီးကျေးရွာတစ်ချို့တိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF မဟာမိတ်တပ်ဖွဲ့တွေကြား ဒီကနေ့မနက်ပိုင်းကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ် အောင်ပိုအောင်ကျေးရွာ ကင်းစေတီမှာတပ်စွဲထားတဲ့ SNA တပ်နဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀…

    Read More »
  • 8 November
    သတင်း

    ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့မနက်ပိုင်းကစလို့ ကာကွယ် ရေးပူးပေါင်းတပ်ဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို…

    Read More »
  • Oct- 2023 -
    13 October
    သတင်းထီးချိုင့်

    ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အင်အား ၁၆၀ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား…

    Read More »
  • Jul- 2023 -
    25 July
    သတင်း

    TNLA ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

    မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအောင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်နဲ့ ကွတ်ခိုင်ကြား နမ့်အွမ်ကျေးရွာအထက် ဂေါင်ငူကောင်( တောင်ကုန်း) မှာ တပ်ချနေတဲ့ တအောင်တပ်မတော် TNLA တပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ယနေ့မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခန့်အထိ လေယာဉ်တစ်စီးနဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နမ်အွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။  “အခုနမ့်အွမ်ဘက်မှာက TNLA တပ်ဖွဲ့တွေ ၃…

    Read More »
Back to top button