သတင်း

ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေပြီးကျေးရွာတစ်ချို့တိမ်းရှောင်နေရ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာဘက်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF မဟာမိတ်တပ်ဖွဲ့တွေကြား ဒီကနေ့မနက်ပိုင်းကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ် အောင်ပိုအောင်ကျေးရွာ ကင်းစေတီမှာတပ်စွဲထားတဲ့ SNA တပ်နဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်လောက်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ဟုမ္မလင်း PDF တပ်တွေ အများပိုင်းနယ် မြေစိုးမိုးထားတဲ့ လွှစင်ကုန်းဘက်ကို လက်နက်ကြီး၊လက်နက် ငယ်တွေယမ်းပစ်ပြီး စစ်ကြောင်းထိုးလာရာကနေ လွှကုန်းကျေးရွာအနီး တောစပ်တစ်နေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဟုမ္မလင်း PDF နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦးက KNGကိုပြော ပါတယ်။

စစ်သားတွေကလွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်ကတည်းကနေဟုမ္မလင်းကနေ နောင်ပိုအောင်ဘက်ကို အင်အားတွေ ဖြည့်နေတာစစ်ကြောင်းထိုးဖို့နေမှာပေါ့အဲ့တာ ဒီမနက်က အစောကြီး ၅နာရီ လောက်ကို လွှစင်ကုန်းဘက်စစ်ကြောင်းထိုးတာလွှစင်ကုန်းမှာလည်းဒီဘက်(PDF)တွေရှိထားတော့တိုက်ပွဲ ဖြစ်တာပေါ့ အတော်ကြာတယ် နေ့လည် ၁၁ နာရီလောက်ထိကိုဖြစ်တယ်ခုလည်းတင်းမာနေတုန်းလို့သူကပြောပါတယ်။

လွှစင်ကုန်းဘက် စစ်တပ်ဘက်က စစ်ကြောင်းထိုးလာ‌ကြောင်း မြေပြင်သတင်းကြိုတင်ရရှိခဲ့တဲ့အတွက် ဟုမ္မလင်းကာကွယ်ရေးတပ်တွေဖြစ်တဲ့ ဗိုလ်မိုးကြိုးတပ်၊ ခန္တီး တပ်ရင်း () Humalinn 123တပ်ရင်းနဲ့ ဦးရှမ်းကြီးတပ်တွေက လွှစင်ကုန်းအနီးမှာခြုံခိုတိုက်ခဲ့တာကြောင့် SNA၊စစ်ကောင်စီတပ်တွေဘက်က အထိအခိုက်များပြီး လေကြောင်းပစ်ကူတာ‌တွေအပြင် မြေပြင်စစ်ကြောင်းကပါ စစ်ကူလာခဲ့ရတယ်လို့လည်းသိရပါတယ်။

“SNA၊နဲ့ စစ်ကောက်စီတပ်တွေဘက်ကအထိနဲ့အကျအဆုံးတွေများတယ်ပြောတယ်အဲ့ကြောင့် ကိုးနာရီလောက်မှာဆိုတော့ဒီက နေ လေယာဥ်တက်သွားပြီး လွှစင်ကုန်းတစ်လျောက် ၄၊၅လုံးကျဲသွားတယ်တဲ့ ဒီဘက်(PDF )ဘက်ကတော့ထိခိုက်တာမရှိဘူးပြောတယ်လို့ အထက်ဖော်ပြပါ အမျိုးသမီး ကဆက်ပြောပါတယ်။

လွှာစင်ကုန်းဘက်မှာအခုလိုတိုက်ပွဲ ပြင်းထန်နေတာကြောင့် လွှစင်ကုန်းကျေးရွာအပါ၊ လွှစင်ကုန်းအနီးက မြောက်ရွာ၊ အော်တော်၊ဆပ်ကယားစတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင်ကကျေးရွာတွေ ဟာမြို့ပေါ်နဲ့အခြားစစ်ကြောင်းနဲ့လွတ်တဲ့ကျေးရွာတွေမှာ မနေ့ကတည်းကစတင်တိမ်းရှောင်နေကြပြီးအများစုကဒီနေ့မနက်စနေ စတင်စစ်ရှောင် နေကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ လွှစင်ကုန်းဘက်ကို ထိုးစစ်ဆင်ဖို့စတင်ပြင်ဆင်လာတဲ့ လွန်ခဲ့တဲ့ ၄ရက်လောက်ကတည်းကနေ ဟုမ္မလင်းတစ်မြို့နယ်လုံးကို MPT နဲ့တခြားဆက်သွယ်ရေးအော်ပရီတာဖုန်းလိုင်းတွေကိုလည်းဖြတ်တောက်ထားတယ်လို့သိရပါတယ်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ လွှစင်ကုန်းကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ ၁၂ မိုင်လောက်သာ ကွားဝေးပြီး SNAနဲ့ စစ်ကောင်စီတပ်ဟာ အောင်ပိုအောင်၊လွှစင်ကုန်းကျေးရွာတွေကို အပြည့်အဝထိန်းချုပ်ဖို့ယခုနှစ်စကတည်းကနေ ကြိုးပမ်းလာနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button