သတင်း

တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားနိုင်တဲ့ နမ့်ခမ်းဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ၅ ရက်ဆက်တိုက်ရှိလာပြီးတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းရော မြေပြင်ကနေပါ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက နမ့်ခမ်းမြို့တွင်း စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့ မနေ့ကတစ်ရက်တည်း စစ်ကောင်စီရဲ့တပ်စခန်း ၄ နေရာလောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို လေကြောင်းကနေ ရိက္ခာတွေ လာချသွား တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

နမ့်ခမ်းမှာတော့ မနေ့တုန်းကတစ်နေကုန်တိုက်ပွဲဖြစ်တယ် စစ်ကောင်စီရဲ့တပ်စခန်းတွေကနေ လက်နက်ကြီးတွေပစ်တယ် မနေ့ည ကဆိုရင် လေယာဥ်နှစ်စီးလာပြီးမှ လေထီးတွေနဲ့ ရိက္ခာတွေ လာချသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့က နမ့်ခမ်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ သတင်း ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့စခန်းသစ်ကုန်း ကပ်လျှက် မှာ ရှိတဲ့ သာယာကုန်းရွာ နဲ့ မန်မိုင်ရွာကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားထိခိုက် ဒဏ်ရာရရှိမှုတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

သာယာကုန်းရွာက လက်နက်ကြီးကျလို့ ဆရာလေးကျောင်း ထိတယ် ပြီးရင် ရပ်ကွက်ထဲက အရပ် သား နေအိမ်ထိတယ် မနေ့က ညနေပိုင်းကျတော့ မန်မိုင်ရွာမှာလည်း လက်နက်ကြီးကျတယ် နေအိမ် လည်းထိပြီးပျက်ဆီးသွားတယ် ဒါတောင်ကျမတို့သိရသလောက်စာရင်းပေါ့ ကလေးတစ်ယောက် နဲ့ အဖွားအိုတစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို နမ့်ခမ်းမြို့ပေါ်က စခန်းသစ် တပ်စခန်း၊ မူဆယ် ၁၀၅ မိုင်တပ်စခန်း၊ ခလရ၁၄၄ မန်တပ်စခန်း နဲ့ နမ့်ဖတ်ကာ ခလရ၁၂၃ တပ်စခန်းစတဲ့ စခန်း၄ နေရာ ကနေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါ တယ်။

နမ့်ခမ်းမြို့ကို တအောင်း တပ်မတော် TNLAက ပြီးခဲ့တဲ့နိုဝင်ဘာ ၇ ရက်နေ့ကစလို့ တစ်မြို့လုံးကို ထိန်းချုပ် ထားနိုင်ခဲ့ပြီး မြို့တွင်း TNLA ရဲ့ ထိန်းချုပ်မှုအောက် မြို့တွင်း ဒေသခံများပြန်လည် ဝင်ရောက်ကာ ဈေးတွေလည်း ပုံမှန် လည်ပတ်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ပုံနဲ့အတူထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် နမ့်ခမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပန်ဆန်းပြည်သူ့စစ်တွေရဲ့ တပ်စခန်းတစ်ခုကိုလည်း မနေ့က မနက်ပိုင်း ၁၀ နာရီမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို ပုံတွေထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာပဲ လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ နမ့်ခမ်းမြို့နဲ့ ၁မိုင် အ ကွာက စခန်းသစ်ကုန်းကို သိမ်းပိုက်ဖို့အတွက်ကြိုးစားနေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်း ရောမြေပြင်ကနေပါ တိုက်ခိုက်မှုတွေလုပ်ပြီး အဲ့ဒီစခန်းသစ်ကုန်းမကျဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button