မူဆယ်

  • Nov- 2023 -
    27 November
    သတင်း

    မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို  နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး  ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း  The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။ “မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။  လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။   အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက် ၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင်…

    Read More »
  • 14 November
    သတင်း

    ကြူကုတ်၊ ပန်ဆိုင်း ဒေသခံပြည်သူတွေ တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းဘက် ထွက်ပြေးတိမ်းရှောင်နေရ

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် ပန်ဆိုင်းမြို့နယ်ခွဲ ဒေသတွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့်ချောင်းတစ်ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်တွေ ပြန်လည်ထွက်ခွာသွားတဲ့နောက်ပိုင်းမှာ အဲ့ဒီတပ်စခန်းနေရာတွေမှာ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၃၀၀ ဝန်းကျင်လောက် ပြန်လည်ဖြည့်တင်းထားတာကြောင့် ကိုးကန့်တပ်တွေဘက်ကနေ ယာယီတိမ်းရှောင်ကြဖို့ ပြောဆိုထားတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီး တစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်ဆိုင်းဒေသက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေမှာ ဖြစ်သွားပြီ။ ကိုးကန့်တပ်တွေက စစ်ရှောင်ကြဖို့ ဒေသခံတွေကို ပြောဆိုထားတဲ့အတွက် အခုပြည်သူတွေက တရုတ်နယ်စပ် ဝမ်ဒင့် ချောင်းဘက်ကို တိမ်းရှောင်နေကြရတယ်”လို့ပြောပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း ၂ ခုစလုံး ဝင်ရောက်တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ချို့ဟာ အရပ်သားပြည်သူတွေရှိတဲ့နေရာဘက်မှာ အကာအကွယ်ယူ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်ခဲ့ကြပြီး အခုလိုပြန်ပြီး အင်အားဖြည့်တင်းထားတာဖြစ်တယ်လို့ ပြောပါတယ်။ “ကိုးကန့်တပ်တွေ လာပစ်ကြတဲ့အချိန်မှာ စစ်သားနဲ့ရဲတွေက ကျနော်တို့ ပြည်သူတွေရှိတဲ့ ဘက်ကို အကာအကွယ်ယူ လွတ်မြောက်သွားကြတယ်။ သူတို့ရဲ့ တပ်စခန်းတွေထဲမှာ မဟာမိတ်တပ်တွေက ဝင်ရောက်မီးရှို့သွားတာတွေ လုပ်ပြီးတော့ ပြန်ခေါက်သွားကြတယ်။ သူတို့ပြန်သွားကြတာနဲ့ စစ်တပ်နဲ့ရဲတွေက ပြန်ဝင်သွားကြတယ်”လို့ဆက်ပြောပါတယ်။ လက်ရှိ ပန်ဆိုင်း စစ်ကောင်စီ တပ်စခန်းနေရာမှာ အင်အား ၃၀၀ ဝန်းကျင်လောက် အင်အား ဖြည့်တင်းထားတဲ့အထဲ မုံကို ဖောင်းဆိုင်ဘက်ကနေ ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်သားတွေလည်း စုပေါင်းလာရောက်နေထိုင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပထမအကြိမ် သွားရောက်တိုက်ခိုက် ပျက်ဆီးခဲ့တဲ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီအင်အားအလုံးအရင်း ပြန်လည် တပ်ချထားတာကြောင့် ပြန်လည်တိုက်ခိုက်ဖို့ရန်အတွက်  မဟာမိတ်ပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေကို ယာယီခဏ တိမ်းရှောင်နေထိုင်ကြဖို့ ပြောဆိုထားတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ ပန်ဆိုင်း စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ကိုးကန့်တပ်နဲ့ KNO အထူးတပ်မဟာ ၁၀၈ ပူးပေါင်း တပ်တွေ သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာ လည်းဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်း ဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး  မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ခေါင်စဉ်နဲ့ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ စခန်း ပေါင်း ၁၀၀ ကျော်လောက် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 2 November
    သတင်း

    မူဆယ်မှာ ဗုံးခိုကျင်းပိလို့ သားအမိနှစ်ဦးသေဆုံး 

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နိုဝင်ဘာ ၁ရက်နေ့ မနေ့ကညပိုင်းမှာ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေတဲ့ သားအမိနှစ်ယောက် ဗုံးခိုကျင်းပြိုကျလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မူဆယ်မြို့အထွက် တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ နမ့်ခွန်ရွာမှာ သားအမိနှစ်ဦးဟာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လို့ ဗုံးခိုကျင်းထဲဝင်အိပ်ရာကနေ မြေပြိုကျပြီး…

    Read More »
  • Oct- 2023 -
    23 October
    သတင်း

    မူဆယ်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းဂျော့ဂိတ်သွားရာလမ်း လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီရုပ်အလောင်း ၃ လောင်းဟာ သားအဖတော်စပ်သူ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါ…

    Read More »
  • 21 October
    သတင်း

    KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး

    ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA  အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အောက်တို ၁၉ ရက်နေ့က မုံးပေါ်နဲ့ မုံးကိုးကြားက ဝိန်းလားတောင်မှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ အချက်အချာကျ…

    Read More »
  • 18 October
    သတင်း

    မူဆယ် – လားရှိုးလမ်းမကြီးမှာ ငွေးကြေးတောင်းခံတဲ့ စစ်တပ်ဂိတ်တွေ ပိုများလာတဲ့အတွက် ကားသမားများအခက်တွေ့နေ

    မူဆယ် – လားရှိုးလမ်းမကြီးတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ မြို့၊ရွာ အဝင်အထွက် တိုင်း ဂိတ်ချပြီး ကားသမားတွေဆီကနေ ငွေကြေးကောက်ခံနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စုပေါင်းပြီး မြို့အဝင်အထွက်တိုင်း နှစ်ဖက်လုံးမှာဂိတ်ချပြီး ခရီးသွားယဉ် ကားသမားတွေထံကနေ…

    Read More »
  • Sep- 2023 -
    25 September
    သတင်း

    တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ

    မြန်မာ–တရုတ်နယ်စပ် မူဆယ်မြို့၊ နယ်စပ်ဂိတ်ဖွင့်ပြီးနောက် မြန်မာနိုင်ငံသားထောင်ချီ နေ့စဉ် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကဒ် TBP စက်တင်ဘာလ ၂၉ ရက်နေ့အထိ တုံကင်ပြည့်သွားပြီလို့ သိရပါတယ်။ နယ်စပ်ဝင်ထွက်ခွင့် TBP ကတ်ပြုလုပ်ဖို့  စက်တင်ဘာလ ၁၇ ရက် ကနေ  ၂၉ ရက်နေ့အထိ တုံကင်လက်ခံရရှိထားတဲ့ လူဦးရေ ၆,၅၀၀ ပြည့်သွားပြီလို့ ဖြစ်တယ်လို့ မူဆယ် နယ်စပ်ဖြတ်ကျော်ရေး ကူညီပေးနေသူတစ်ဦးက KNG ကို…

    Read More »
  • 18 September
    သတင်း

    မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ

    ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA  တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ ဟူးဘောကျေး ရွာနဲ့ ဂျေလန်ကျေးရွာအနီး ဝိန်းနန်းရွာဘက် စစ်ကောင်စီတပ်နဲ့ TNLA ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ထိ ၁၀၅ မိုင် စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာာဖြစ်တယ်လို့…

    Read More »
  • Aug- 2023 -
    31 August
    သတင်း

    နမ့်တောင်းနဲ့ ဖာဖစ်ရွာချင်းဆက်လမ်း စစ်တပ်က လမ်းမြေတူးဖော်ဖြတ်တောက်

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်း-ဖာဖစ်-နမ်ဂတ် ဘန်ဂျုံ စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ၂ နေရာမှာ လမ်းမြေတွေကိုတူးပြီးဖြတ်တောက်လိုက်တာကြောင့် ဒေသခံတွေ သွားလာရေး ခက်ခဲနေကြောင်း နမ့်တောင်းဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်တောင်း-ဖာဖစ်ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်တပ်က ဩဂုတ် ၁၅ ရက်နေ့တွင်…

    Read More »
  • 29 August
    သတင်း

    နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား

    ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်တပ်ဘက်က နမ့်ဖတ်ကာနဲ့ ၁၀၅ မိုင်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်နေတယ်လို့ နမ့်အွမ်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နမ့်အွမ်ကျေးရွာအနောက်ဘက်မှာရှိတဲ့ KIA တပ်ရင်း ၉ နေရာ ဘတ်ငွိုင်တောင်(Bakngoi bum) ကို ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် မနေ့ညနေကနေ ဒီမနက် ၁၀ နာရီထိ နှစ်ဖက်တပ်စလုံး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြပြီး…

    Read More »
Back to top button