တိုက်ပွဲသတင်း

မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ

ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA  တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ ဟူးဘောကျေး ရွာနဲ့ ဂျေလန်ကျေးရွာအနီး ဝိန်းနန်းရွာဘက် စစ်ကောင်စီတပ်နဲ့ TNLA ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ထိ ၁၀၅ မိုင် စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာာဖြစ်တယ်လို့ မူဆယ်ဒေသခံတစ်ယောက်က ပြောပါတယ်။

မနေ့က မူဆယ်မြို့ ဟူးပေါရပ်ကွက်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်သေးတယ်။ ၁၀၅ မိုင် စစ်တပ်က မနေ့ က မနက်  နာရီကနေ မနေ့ညနေ  နာရီထိ လက်နက်ကြီး ဆက်တိုက်ပစ်ပြီး ခဏပြန်ငြိမ်ပြီးတာနဲ့  ၁၀ နာရီကနေ ပြန်ပစ်တာ အခုဒီနေ့  နာရီ အခုထိ ပစ်နေတုန်း။ TNLA တွေရှိတယ်လို့ ယူဆရတဲ့နေရာတိုင်း ကို ပစ်နေတာလို့ မူဆယ်ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်သား  ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြား မူဆယ်ဆေးရုံမှာပို့ ဆောင်ထားကြတယ်လို့ သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က နမ့်အွမ်ကျေးရွာအနီး ဆိုင်းခေါင်ရွာထိပ်က ဂျောင်ဘူတောင်ကုန်းဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေကြောင်း သိရပါတယ်။

စစ်တပ်က ခုလို မူဆယ်အနီးတ၀ိုက်နေရာယူထားပြီး TNLA တပ်စွဲနေရာယူထားတဲ့ သိန္နီ(Sinli Bum) တောင်ကုန်းဘက်သို့ ထိုးစစ်ဆင်ရန် စစ်အင်အားဆက်တိုက်ဖြည့်တင်းနေကြောင်း မူဆယ်ဒေသခံများ ပြောပါတယ်။

လက်ရှိအခြေအနေက နမ့်အွမ်အထက် စစ်အင်အားတွေ အကုန်ပို့ထားပြီး ဒီဘက် မူဆယ် ဟူဘောကျေးရွာ၊ စယ်လန်တလျှောက် စစ်တပ်တွေ အကုန်နေရာယူထားပြီ။ ဆင်လီ(SinliBum ) တောင်ဘက်မှာ TNLA နဲ့ တပ်ပေါင်းစုတွေ ဘိန်းချက်တဲ့စက်ရုံရှိတယ်လေ။ အဲ့ဒါကို စစ်တပ်က ထိုစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ မြင်တယ်။ အခု စစ်အင်အားတောင် ၅၀၀ လောက်ပို့ထားပုံရတယ်လို့ မူဆယ်ဒေသခံအမျိုးသားက ပြောပါတယ်။

ရှမ်းမြောက် မူဆယ်– နမ့်ခမ့်ကြား စယ်လန်ကျေးရွာတွင် ပြီးခဲ့တဲ့ ဩဂုတ် လကုန် စစ်တပ်နဲ့ TNLA ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိချိန် စစ်တပ်ကဆက်တိုက်ထိုးစစ်ဆင်နေသလို TNLA နဲ့ စစ်ရေးအခြေအနေတင်းမာနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်ခံရတိုင်း အရပ်သားပြည်သူများ နေတဲ့ ကျေးရွာတွေထဲလက်နက်ကြီးဆက်တိုက် ရမ်းတမ်းပစ်ခတ်လျက်ရှိတာကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေသလို စစ်တပ်လက်နက်ကြီးပစ်ခတ်တိုင်း ဒေသခံပြည်သူများ စိုးရိမ်ကြောက်ရွံ့လျက် နေနေကြရတယ်လို့ ပြောပါတယ်။

Show More

Related Articles

Back to top button