ရွှေကူ
-
Aug- 2023 -3 Augustသတင်း
ကျောက်ထိုးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ထိုးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဒီကနေ့မနက်ထိ ၄ ရက်ကြာ တပ်စွဲခဲ့တဲ့စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ကျောက်ထိုးကြီးကျေးကို ၃ ရက်ဆက်တိုက်မီးတင်ရှို့ခဲ့ပြီး စုစုပေါင်းအိမ်…
Read More » -
Jul- 2023 -25 Julyသတင်း
ရွှေကူနယ် ကျောက်ကြီးဘက်တက်သွားတဲ့ စစ်ကြောင်းမှာ အရပ်သား ၃၀ ကျော်ပါဝင်
ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက်ကိုတက်လာတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံတဲ့ အရပ်သား ၃၀ ကျော်ဟာ စစ်သားအသွင်ယူပြီးစစ်ကြောင်းမှာပါဝင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ရွှေကူမြို့ကနေ ကျောက်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးသွားတဲ့ အင်အား ၈၀ ကျော်ပါတဲ့ ခလရ…
Read More » -
22 Julyသတင်း
စစ်ရေးတင်းမာနေတဲ့ မိုးစစ်ရွာနားတစ်ဝိုက်ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြဖို့ မြို့လှ PDF သတိပေး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် မိုင်းဆွဲခံလိုက်ရတဲ့ စစ်ကောင်စီတပ်က လက်ရှိမိုးစစ်ရွာထဲဝင်ရောက်နေပြီး ရွာသားတစ်ချို့ကို ဖမ်းဆီးထားတဲ့အပြင် မိုးစစ်ရွာအနီးတစ်ဝိုက်စစ်ကြောင်းထိုးဖို့ ထပ်ပြီးပြင်ဆင်နေတဲ့အတွက် ဒေသခံများ အမြန်ဆုံးရှောင်တိမ်းကြဖို့ မြို့လှကာကွယ်ရေးတပ်က အရေးပေါ်သတိပေးပြောဆိုလာပါတယ်။ “ခုချိန်ကျနော်တို့ဘက်က တစ်ချက်သွားပစ်ရင် ဖမ်းခံထားရတဲ့ပြည်သူတစ်ဦးကို သတ်ပြမယ်ဆိုတဲ့အနေထားဖြစ်နေတယ်။ ရွာသားတွေကို…
Read More » -
21 Julyသတင်း
ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင်ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ…
Read More » -
19 Julyသတင်း
ရွှေကူမြို့က ထွေအုပ်ရုံးနှင့်စည်ပင်ရုံးဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်က စစ်ကောင်စီလက်အောက် ထွေအုပ်ရုံးနှင့်စည်ပင်ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် ဝန်ထမ်းနှစ်ဦးထိခိုက်တဲ့အပြင် ရုံးအဆောက်အဉီးလည်းပျက်ဆီးသွားတယ်လို့ ရွှေကူမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ မြို့နယ် ထွေအုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံးကို ဒီနေ့မနက် ၁၁ နာရီခွဲ အချိန်မှာ ရွှေကူ PDF က ဒရုန်းနဲ့ပစ်ခတ်…
Read More » -
18 Julyသတင်း
ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ
ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။ အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ဌက်တံတားရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးသူများပြီး အထိနာသွားခဲ့တဲ့နောက်ပိုင်း…
Read More » -
12 Julyသတင်း
ရွှေကူ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံးကာ၊ ရဲမှူးအပါအဝင် ၆ဦးဒဏ်ရာရ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က ရွှေကူနယ်မြေ ရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရပြီး ရဲသုံးယောက်သေဆုံးတဲ့အပြင်ရဲ ၆ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ရွှေကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို မနေ့က ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ရွှေကူ PDFက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်တယ်လို့ ရွှေကူ PDF နဲ့နီးစပ်သူတစ်ဦးက…
Read More » -
10 Julyသတင်း
ရွှေကူအရှေ့တောင်ခြမ်းက စစ်ရှောင်ပြည်သူများ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီလိုအပ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့တောင် ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး ဆေးဝါး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေကန သိရပါတယ်။ လွန်ခဲ့တဲ့ မတ်လကတည်းက တောတောင်တွေထဲစစ်ဘေးရှောင်နေရတဲ့မံဝင်း၊စီသာ၊ စီသောင်၊ နောင်လတ်ကြီး၊ နန့်လန်၊ မံနား၊ မံခါး၊ စီမူလေး၊စီမူကြီးနဲ့ အနီးဝန်ကျင်ကကျေးရွာပေါင်း ၁၂ ရွာက…
Read More » -
8 Julyသတင်း
ရွှေကူမှာ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးပစ်သတ်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့အမျိုးသမီးတစ်ဦး သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ ခုန်ခမ်းရပ်ကွက် ၊အမှတ် (၁) ထဲက တရုတ်နွယ်ဖွားဖြစ်တဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်အေးအေးသန်း(ခ) ဒေါ်တုံးစိန်ဆိုသူ ဇူလိုင်လ ၇ရက်နေ့ ည…
Read More » -
6 Julyသတင်း
ဗန်းမော်ဘက်ကိုဆန်တက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်ရေယာဉ်ပစ်ခတ်ခံရ၊ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်လိုက်အတွက်ပြည်သူ ၂ဦးကျည်ထိမှန်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းဘက်ကနေ ဗန်းမော်မြို့ဘက်ကို သံခွန်ရေမော်တော်တွေနဲ့ ဆန်တက်သွားတဲ့စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံနေရပြီး စစ်တပ်ကပြန်ပစ်ခတ်သောကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ ဘိုကုန်းနဲ့ချောင်းဝကျေးရွာတွေကို မီးရှို့ခဲ့တဲ့ အင်အား ၃၀၀ နီးပါးပါတဲ့စစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ဘိုကုန်းကနေ ဗန်းမော်ဘက်ကို သံခွန်မော်တော်တွေယာဥ် သုံးစီးနဲ့ ဆန်တက်သွားတဲ့စဉ် ကာကွယ်ရေးတပ်ဖွဲ့တွေကရွှေကူမြို့အထက်ဘက် ငပေါက်ဝရွာ…
Read More »









