ရှမ်းမြောက်

  • Oct- 2023 -
    5 October
    သတင်း

    စစ်ကောင်စီတပ်ဟာ ခိုမုန်းရွာသားတွေကို စစ်ရိက္ခာ‌ပို့ခိုင်းနေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအထက် မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ခိုမုန်းရွာသားတွေကို အသုံချပြီး ပစ္စည်းရိက္ခာများ၊ သောက်ရေများ ပို့ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ခိုမုန်းတောင်ကုန်းတစ်ကြော စစ်ကောင်စီစစ်ကြောင်းတွေ နေရာယူနေပြီ။ အခုသူတို့က အဲ့ဒီနေရာမှာ…

    Read More »
  • Sep- 2023 -
    27 September
    ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း

    နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး…

    Read More »
  • Aug- 2023 -
    17 August
    သတင်း

    ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ

    ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၁၇ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ ခုလည်း ပစ်နေကြတုန်း။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။”  လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခိုင်တံတား စစ်တပ်ဂိတ်နား စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အားထက်ဝက်လောက်က ၀ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ်ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက်က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေအနေပေါ့” ဟု ၎င်းကဆက်ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၂၀၀ လောက်နဲ့ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းအပါအဝင် ကုန်ကား ၁၂ ဘီးကားတွေမှာလည်းတစ်ချို့လိုက်ပါစီးနင်း ပြီး  ချီတက်နေတယ်လို့…

    Read More »
  • 4 August
    သတင်း

    ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်

    ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA  ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း  နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက်…

    Read More »
  • 1 August
    သတင်း

    စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။ တီးမား(Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီးနောက်တစ်ပတ်အကြာမှာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားတဲ့ နေရာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…

    Read More »
  • Jul- 2023 -
    27 July
    သတင်း

    စစ်တပ်က ဖမ်းဆီးခံသွားရတဲ့ တီးမားရွာသား ၂ ဦး အဆက်သွယ်ပြတ်တောက်နေ

    ရှမ်းမြောက် မူဆယ် တီမားရွာနဲ့ နမ့်အွမ်ရွာကြား လမ်းခုလတ်တစ်နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ တီမားရွာသား ၂ ဦး ဒီကနေ့ထိ ပြန်လည်လွှတ်မြောက်လာတာမရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ တီမားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီလူငယ် ၂ ဦးဟာ ဇူလိုင်လ ၂၅ ရက်နေ့ တီမားရွာကနေ နမ့်အွန်ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်ကပစ္စည်းတွေကို ကားနဲ့သွားသယ်ယူပြီး တီးမားရွာကိုပြန်လာချိန် နမ်အွန်ရွာနားမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်TNLAနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ်အွန်းရွာကိုပြန်ခေါက်သွားရာမှ လမ်းခုလတ်တစ်နေရာယူကလစ်တောနားမှာ စစ်တပ် ဖမ်းဆီးလိုက်တာပါ။ “သူတို့  ၂ယောက် ပစ္စည်းတွေသယ်ပြီး နမ်အွန်ကနေပြန်လာတဲ့ချိန် လမ်းမှာတိုက်ပွဲဖြစ်နေလို့ နမ်အွန်ဘက်ပြန်ခေါက်သွားတာ တအောင့်လောက်ကြာတော့ တိုက်ပွဲငြိမ်သွားပြီဆိုပြီး ပြန်လာတဲ့ချိန်စစ်သားတွေ လမ်းမှာတားပြီးစစ်ဆေးရာကနေ ဒီကနေ့ထိအဆက်သွယ်မရတော့ဘူး”လို့ နမ့်အွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ လူငယ် ၂ ဦးအား စစ်တပ်ကဖမ်းဆီးတားဆီးစစ်ဆေးနေတာကို ရွာသားတွေ တွေ့ရှိခဲ့ပြီး ပြန်လွှတ်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ဒီကနေ့ထိ ဆက်သွယ်မရဖြစ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် မနေ့ကလည်း နမ်အွန်ကျေးရွာကအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖတာဝန်ရှိသူတွေဟာ နမ့်အွန်တစ်လျှောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းမှူးကို မေးမြန်းပေမယ့်  လူငယ် ၂ဦးကို မတွေ့ရှိခဲ့ကြောင်းသာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၂ဦးဟာ အသက်၂၅နှစ်အရွယ် ကိုတူးဂျာနဲ့ အသက်၂၇နှစ်အရွယ် ကိုဘရန်အောင်တို့ ဖြစ်ပြီး လူငယ် ၂ဦးနဲ့အတူ အသင်းတော်က SURE ကိုလည်း မတွေ့ရှိရသေးတဲ့အပြင် လူငယ် ၂ ဦးလုံးရဲ့ လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်လို့မရဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောကြားချက်အရ ဖမ်းဆီးခံသွားရတဲ့ လူငယ်နှစ်ဦးဟာ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းသူတွေဖြစ်ပြီး ရွာအတွင်းမှာ ရပ်ရေးရွာရေးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့နှစ်ယောက် ယောက်ဖတော်သူတွေဟုတ်တယ် လိမ္မာရေးခြားရှိတဲ့ ကလေးတွေပါ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းတယ်။အဲကြောင့် ဒီလူငယ် ၂ဦးနဲ့ပတ်သက်ပြီး အသင်းတော်က တာဝန်ရှိသူတွေ ဆက်ပြီးစုံစမ်းသွားမှာပါ” လို့ နမ့်အွန်ဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ နမ့်အွန်ရွာက ဦးအိုက်လောရဲ့ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားပြီး TNLA ဝတ်စုံဝတ်ဆင်ပေးကာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ TNLA တပ်သား ပစ်သတ်ခံရတဲ့အသွင်ဖန်တီးပြီး ပုံရိုက်တင်တာတွေရှိနေတယ်လို့ သိရပါတယ်။

    Read More »
  • 25 July
    သတင်း

    မူဆယ်မြို့ပေါ်  နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်

    ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊…

    Read More »
  • 18 July
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ

    KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO…

    Read More »
  • May- 2023 -
    23 May
    သတင်း

    ရှမ်းမြောက် KIA အခွန်ရုံးတစ်ခု ဝင်စီးခံရ

    ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ၏ အခွန်ရုံးတစ်ခုကို စစ်ကောင်စီတပ် ဝင်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မူဆယ်မြို့နယ် ၁၀၅ မိုင်အနီးရှိ ဇော်ဘုန်နမ်ဂတ် (Zau Bung Nam Gat) ကျေးရွာ၌ရှိသည့် KIA ၏ အခွန်ရုံးနေအိမ်တစ်အိမ်ကို ပြီးခဲ့သည့် မေလ…

    Read More »
  • Feb- 2023 -
    14 February
    တိုက်ပွဲ

    KIA တပ်ရင်း ၉ နေရာကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး KIA တပ်ရင်း ၉ ကောင်းဆတ်ဘွမ် (Kawng Sak Bum) ဘက်ကသို့ စစ်ကောင်စီတပ်မှ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်မှစကာ ဂျက်လေယာဉ်တစ်စီးဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများမှ သိရသည်။ KIA…

    Read More »
Back to top button