တိုက်ပွဲသတင်း

ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ

ရှမ်းမြောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြား နမ့်ခိုင်တံတားအနီး စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေ တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ် ၁၇ ရက်နေ့ ဒီနေ့ မွန်းလွဲပိုင်း  နာရီခွဲလောက်မှာ ကွတ်ခိုင်ဘက်ကနေမူဆယ်ဘက်ကို ဦးတည်ချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်း အင်အား ၂၀၀ ခန့် ကို နမ့်ဖတ်ကာမရောက်ခင် နမ့်ခိုင်တံတားနားမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေပြောပါတယ်။

အခု နမ့်ခိုင်ဂိတ်နား စစ်တပ်စစ်ကြောင်းနဲ့ KIA တိုက်ပွဲဖြစ်ပွားနေတယ်။ ခုလည်း ပစ်နေကြတုန်း။ မနက်ကတည်းက ကွတ်ခိုင်ဘက်ကနေ စစ်အင်အားတွေ ကားနဲ့ရော ခြေလျင်နဲ့ရောတက်လာတယ်ကြားတယ်။ အခုအဲ့ဒီစစ်ကြောင်းကို KIA ဘက်က ပစ်ခတ်တာလို့ကြားတယ်။ လက်နက်ကြီးတွေလည်းပစ်နေတယ်။”  လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

နမ့်ခိုင်တံတား စစ်တပ်ဂိတ်နား စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာမနေ့မှ လားရှိုးဘက်ကနေ စစ်ကောင်စီ စစ်ကား ၅၀ လောက်နဲ့ချီတက်လာတာဖြစ်ပြီး အင်အားထက်ဝက်လောက်က ၀ပြည်ဘက်လမ်းသို့ ဦးတည်သွားပြီး ကျန်အင်အားတစ်ဝက်က ကွတ်ခိုင်မူဆယ်ဘက်သို့ ဦးတည်ချီတက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

မနေ့ကတည်းက လားရှိုးဘက်ကနေ စစ်အင်အားတွေ ပြန်ချီတက်လာတယ်ကြားတယ်။ အဲ့ထဲက တချို့က လောက်ကိုင်ဘက် ၀ပြည်လမ်းဘက်ကို သွားလိုက်တယ်ပြောတယ်။ အဲ့ဒီ အင်အား ၂၀၀ လောက်က ဒီဘက်ကွတ်ခိုင်မူဆယ်ဘက်ကို ချီတက်လာတာဟုတ်တယ်။ စစ်တပ်ကတော့ အဆက်မပြတ်အင်အားတွေ ပို့နေတုန်းအခြေအနေပေါ့ ဟု ၎င်းကဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ စစ်အင်အား ၂၀၀ လောက်နဲ့ခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းအပါအဝင် ကုန်ကား ၁၂ ဘီးကားတွေမှာလည်းတစ်ချို့လိုက်ပါစီးနင်း ပြီး  ချီတက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခြေလျင်နဲ့ တက်လာ အဲဒီ စစ်ကြောင်းဟာ မန်လုံအကျော် နမ့်ခိုင်တံတားနားမှာ KIA တပ်ရင်း  တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ် လို့ ဆိုပါတယ်။

ရှမ်းမြောက် မူဆယ်ဘက်သို့ စစ်အင်အားပုံမှန်ပို့ဆောင်ကာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကွတ်ခိုင်နမ့်ဖတ်ကာကြား မှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်ကာ တိုက်ပွဲမကြားခန ဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button