လက်နက်ကြီး
-
Jun- 2023 -26 Juneသတင်း
အင်းတော်မြို့အနီး ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့်စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်
အင်းတော်မြို့တွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်သည် အင်းတော် မြို့ပတ်ပတ်လည်ရှိကျေးရွာများကို ဒရုန်းဖြင့်လှည့်လည်စောင့်ကြည့်နေပြီး လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နောက်ပိုင်း ခလရ ၇၇ တပ်သည် အင်းတော်မြို့အတွင်း ဒေသအခေါ် ရိက္ခာကုန်းတွင် တပ်စွဲနေထိုင်နေပြီး မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် လှည့်လည်စောင့်ကြည့်ပြီးနောက် ယခုလို ပစ်ခတ်နေခြင်းဖြစ်သည်ဟု နဘားကျေးရွာ မှ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “သူတို့က အခုစစ်ကြောင်းမထိုးတော့ဘူးတဲ့ စစ်ကြောင်းထိုးရင်လည်း အမြဲတမ်းလိုလိုပဲ ခံနေရတော့ အခုနောက်ပိုင်းက အင်းတော်မြို့နဲ့ ငါးမိုင်အကွာပတ်ခြာလည်ကို ဒရုန်းတွေ၊ လက်နက်ကြီးတွေ အဲ့လိုတွေနဲ့ပဲလုပ်တော့မှာတဲ့”ဟု အသက် ၅၀ ကျော်ရှိ နဘားကျေးရွာဒေသခံက ပြောသည်။ ထိုသို့ ပစ်ခတ်နေသောကြောင့် ဇွန်လ ၂၁ရက်နေ့က ပင်ဝယ်ရွာသားတစ်ဦး သုံးဘီးမောင်းနေစဥ် ထိခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် ဇွန်လ ၂၂ ရက်နေ့က ကမ်းနီကျေးရွာ လယ်တောတွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်မှုကြောင့် အသက် ၂၀ ကျော်…
Read More » -
22 Juneသတင်း
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစု ၄ ဦးထိခိုက်ခဲ့ပြီး ကလေးငယ် သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်း အနောက်စံသာကျေးရွာတွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီအချိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲ တပ်စွဲထားသည့်…
Read More » -
21 Juneသတင်း
ကလေးမြို့နယ်တွင် လက်နက်ကြီးထိမှန်သောကြောင့် ၅ ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက် အတွင်း ကလေးငယ်တစ်ဦး အပါအဝင် သေဆုံးသူ ၄ ဦးအထိရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များပြောသည်။ ကလေးမြို့ ဇင်းကလင်း ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့ပေါ်…
Read More » -
May- 2023 -1 Mayသတင်း
ရွာမကျေးရွာမှ ဒေသခံ ၇ ဦးဖမ်းဆီး ဖမ်းဆီးသတ်ဖြတ်ခံရ
စစ်ကိုင်းမြို့နယ် ရွာမကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ ၇ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း တိုက်နယ်စွန် PDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့မှ ရွာမကျေးရွာဘက်သို့ ဝင်လာရောက်လာချိန် လက်နက်ကြီး၊…
Read More » -
Mar- 2023 -20 Marchသတင်း
လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။ မတ်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်တွင် လုံးခင်းအုပ်စု သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီး ရဲကားတစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်မှ…
Read More » -
6 Marchတိုက်ပွဲ
ဆိုင်းတောင် စစ်တပ်ကုန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်
ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စာသင်ကျောင်းအနီးတွင် တပ်ချထားသော စစ်ကောင်စီ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ မတ်လ ၅ ရက်ည ၁၀ နာရီခန့်တွင် ဆိုင်းတောင် စစ်တပ်ကုန်းတိုက်ခိုက်ခံရသည့်အတွက်…
Read More » -
Feb- 2023 -24 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ကောင်စီတပ် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ထိမှန်
ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာဘက်တွင် ယနေ့ နံနက် ၇ နာရီခန့်တွင် KIA နှင့် PDF စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်။ ”KIA PDF က ဒီနေ့မနက် စစ်ရေးလှုပ်ရှားမှု နည်းနည်းလုပ်လိုက်တာ။ အဲ့တာ ဒီကောင်တွေဘယ်လိုသိလို့လဲမသိဘူး။ လက်နက်ကြီးတွေ ရမ်းပစ်လာတာ လက်နက်ကြီးက ကျန့်ဖြစ်တာလား၊ တမင်…
Read More » -
22 Februaryသတင်း
အင်းတော်တွင် လက်နက်ကြီးထိမှန်ခဲ့သည့် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၄ဦး ထိမှန်ကာ တစ်ဦး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်တွင် အင်းတော်မြို့ စစ်တပ်ကုန်း( ဒေသအခေါ်…
Read More » -
15 Februaryသတင်း
ရွှေမှော်ဧရိယာရှိ KIA အခွန်ရုံးကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့
ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ လပူခမှော် (ဒေသအခေါ်) La Pu Hka Maw ရှိ KIA အခွန်ရုံးကို စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်…
Read More » -
15 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
လက်နက်ကြီးကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း စစ်တပ်လုယူသွား
ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့တွင်း စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းအား စစ်တပ်မှလုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီအမြှာက်တပ်–၃၆၇ တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည်…
Read More »









