သတင်း

ရွာမကျေးရွာမှ ‌ဒေသခံ ၇ ဦးဖမ်းဆီး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းမြို့နယ် ရွာမကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ ၇ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း တိုက်နယ်စွန် PDF အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ၃၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့မှ ရွာမကျေးရွာဘက်သို့ ဝင်လာရောက်လာချိန် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် သေဆုံးခဲ့ကြောင်း တိုက်နယ်စွန် PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွာမ ရွာထဲကို ဝင်လာတဲ့အချိန်မှာ သူတို့တို့က ရမ်းသမ်းပစ်ခတ်လာတာပေါ့။ အဲ့မှာ စစ်ကြောင်းလာပြီဆိုပြီး ထွက်ပြေးကြတာ အဲ့ထဲက ၇ ဦးက ကျည်ထိမှန်ပြီးသေတာ။  ပြီး‌တော့ ဒေသခံတွေကိုလည်း ဖမ်းဆီးပြီး ရွာ‌ကျောင်းထဲမှာပဲ ဖမ်းပြီးကျောင်းထဲမှာပဲ ထားတယ်။ ရွာမမှာပဲ ညအိပ်သွားကြတယ်ဟုတိုက်နယ်စွန် PDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် အဆိုပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင် ရွာမကျေးရွာ နှင့် ၃ မိုင်အကွာရှိ တအိမ်တဲ ကျေးရွာတွင်းသို့ ဝင်ရောက်စီးနင်းကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ယနေ့နံနက်ပိုင်း ၆နာရီဝန်းကျင်မှ လယ်ကြီးကျေးရွာနှင့် ရွာမကျေးရွာကြားတွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့‌ပြီး လက်ရှိမှာတော့ အဆိုပါ စစ်ကြောင်းသည် လက်ပံသာ ကျေးရွာဘက်သို့ ရောက်ရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဒီမနက်တော့ လယ်ကြီးနဲ့ရွာမကြားမှာ ဒေသကာကွယ်ရေးတပ်မဟာမိတ်တွေနဲ့ ထိတွေ့တိုက်ပွဲတောင် ဖြစ်လိုက်သေးတယ်လို့ သိရတယ် တိုက်ပွဲအခြေနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အခုတော့ လက်ပံသာရွာဘက် ရောက်နေတယ်လို့သိရတယ်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရွာမကျေးရွာသည် စစ်ကိုင်းမြို့နယ်တောင်ဘက်ခြမ်းတွင်တည်ရှိပြီး စစ်ကိုင်းမြို့ပေါ်မှ ဆိုင်ကယ်ဖြင့်ခရီးနင်းလျှင် ၁နာရီခန့်အကြာ ခရီးရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ ၃၄၄၇ ဦး ရှိလာပြီဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့သည့် ဧပြီလ၂၈ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Show More

Related Articles

Back to top button