ဝိုင်းမော်
-
Feb- 2025 -19 Februaryသတင်း
ဝိုင်းမော်မြို့ မှာ အသက်၁၅ နှစ်အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုတ်ခံရပြီး ရေတွင်းထဲ သေဆုံးနေ
ဝိုင်မော်မြို့ ၊ စန်းကားကျေးရွာအနီးရှိ အာလူးဘာရီကျေးရွာမှာ အသက် ၁၅ အရွယ် လူငယ်တစ်ဦး နောက်ပြန်ကြိုးတုပ်ခံရတဲ့ အနေအထားနဲ့ ရေတွင်းထဲ သေဆုံးနေတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ နေအိမ် ရေတွင်းထဲလူတစ်ဦးသေဆုံးနေလို့ အိမ်ရှင်တွေက ဒီကနေ ၁ နာရီ ဝန်းကျင်မှာ အကူအညီတောင်းခံလာတယ်လို့ ဆိုပါတယ်။…
Read More » -
6 Februaryသတင်း
ဝိုင်းမော်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်း ကနေ သိရပါတယ်။ သေဆုံးသူတွေဟာ အသက် ၃၀–၃၅ ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး အများစုကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်တယ်လို့ မွန်မြတ်စေတနာအသင်း…
Read More » -
Jan- 2025 -31 Januaryသတင်း
ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ
ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်း အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို…
Read More » -
27 Januaryသတင်း
တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ
ဝိုင်းမော်မြို့နယ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ငှက်ပျောကားတွေ ဝိုင်းမော်မြို့အနီးအထိ ဝင်ရောက်နေရာယူလာတဲ့အတွက် ဒေသခံငှက်ပျောကားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ တရုတ် နယ်စပ် ကန်ပိုင်တီမြို့ကို သိမ်းပိုက် လိုက်ပြီးနောက် ဝိုင်းမော်မြို့ ငှက်ပျောခင်းတွေမှာ တရုတ်နိုင်ငံက ငှက်ပျောတင်ကား အများအပြား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်က ငှက်ပျောကားပြေးဆွဲနေတဲ့…
Read More » -
21 Januaryသတင်း
စစ်ကောင်စီ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့ ငှက်ပျောခြံတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းကျေးရွာ ဝေဆာမနောမြေ ငှက်ပျောခြံလုပ်ကွက်မှာ လက်နက်ကြီး…
Read More » -
18 Januaryသတင်း
ဝိုင်းမော်စစ်ရှောင် နေအိမ်များ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံနေရ
စစ်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော် စစ်ရှောင်တွေ ကျေးရွာဝင်ခွင့် တားမြစ်ခံရပေမယ့် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်၊ ဆဒုံး – ကန်ပိုင်တည် လမ်းမပေါ် နမ်ဝါ၊ မုတ်ကျိတ်၊ တန်ဘောင်၊ လမြန်၊ ဝူယန် စတဲ့ ကျေးရွာတစ်လျှောက်က ပြည်သူတွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတိုက်ပွဲ စတင်ကတည်းက ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်း စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ အဲဒီ စစ်ရှောင်ပြည်သူတွေဟာ ယခင်က နေအိမ်ကို ခွင့်တောင်းပြီး ပြန်လာခွင့်ရှိပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျေးရွာ ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေ ရွာထဲကို ဝင်ရောက်ခွင့် မရှိတော့တဲ့နောက်ပိုင်း ကျေးရွာထဲမှာ နေရာယူထားတဲ့ နှစ်ဖက် စစ်တပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို ထွင်းဖောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ ဂွေထူဒေသမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာထဲကို မဝင်ခိုင်းတာက နှစ်ဖက်စစ်တပ်ဘက်က…
Read More » -
14 Januaryသတင်း
ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့ လုံခြုံရေးတင်းကြပ်ပြီး အချိန်အကန့်သတ်နဲ့သာဖြတ်သန်းခွင့်ပြု
ကချင်ပြည်နယ် ဝိုင်းမော်မြို့အထွက်အပါအဝင် ကျေးရွာတစ်ချို့မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို အချိန်အကန့်သတ်နဲ့သာ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ဝိုင်းမော်မြို့အထွက် မုတ်လွှဲလမ်းဆုံအနီး အထိုင်ချထားတဲ့ဂိတ်မှာ မနက်ပိုင်း ၆ နာရီကနေ ၉ နာရီအထိ၊…
Read More » -
14 Januaryသတင်း
ဝိုင်းမောင် နောင်းချိန်း စစ်ရှောင်များ အနွေးထည်နဲ့ စောင်မလုံလောက်ဘဲ ဆောင်းအအေးဒဏ်ကို ကျော်ဖြတ်နေရ
ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆောင်းရာသီအအေးဒဏ်ကို စောင်နဲ့ အနွေးထည်လုံလောက်မှုမရှိဘဲ ဖြတ်သန်းနေရတဲ့အတွက် အကူညီလိုအပ်နေပါတယ်။ ၂၀၂၄ တစ်နှစ်တာမှာ တိုက်ပွဲ၊ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရပြီးနောက် ဆောင်းအအေးဒဏ်တွေကြား လက်ရှိချိန် အနွေးထည်တွေနဲ့ စောင်လုံလောက်မှု မရှိတဲ့အကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောဆိုပါတယ်။ “ကျမတို့က…
Read More » -
Dec- 2024 -18 Decemberသတင်း
ဝိုင်းမော်မြို့နယ် ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှုရှိလာတာကြောင့် ပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်
ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်ထဲ လဘန်၊နောင်းချိန်း၊ဂွေထုရွာဘက် စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်လုပ်နေတာကြောင့် ပြည်သူတစ်ချို့ထပ်မံတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လဘန်ကထောင်၊နောင်းချိန်း၊ဂွေထုကျေးရွာဘက်မှာ ဒီဇင်ဘာ ၅ ရက်နေ့စ စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတစ်ချို့ မြစ်ကြီးနားမြို့ဘက်တိမ်းရှောင်တာတွေရှိနေတယ်လို့ နောင်းချိန်းစစ်ရှောင်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြီးခဲ့အတဲ့အပတ်ကတည်းက ဂွေထု၊နောင်းချိန်းသွားတဲ့ ရွာတွေမှာတနေ့တနေ့အင်အားတွေလာချသွားတယ်။ တချို့မပြန်ပဲအဲ့မှာပဲကင်းပုန်းဝပ်နေတာတွေအများကြီးပဲ။ အဲ့ကြောင့် တိုက်ပွဲဖြစ်လာမှာဆိုးလို့ ဒီဘက်ရောက်လာတာ”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ဝိုင်းမော်ဘက်ခြမ်း ဗလမင်းထင်အထက်ဘက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မခေါယန်၊ လဘန်၊နောင်ချိန်း ၊ဂွေထုကျေးရွာတွေထဲမှာ စစ်ကောင်စီစစ်သားတွေ အင်အားဖြည့်နေသလို လဘန်ကထောင်နဲ့ မခေါဒီရွာတောစပ်တွေမှာလည်း ကင်းပုန်းဝပ်တာ၊လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေရှိနေတယ်လို့ နောက်ထပ် နောင်းချိန်းဘက် စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “သူတို့က လမ်းမှာတားပြီးစစ်တယ် ဘယ်ကလာသလဲ၊ဘယ်သွားမလဲ စစ်ရှောင်တွေပါလို့ပြောလည်း နိတို့ကိုဘယ်သူရှောင်ခိုင်းတာလဲ၊ဘယ်ရွာကလဲ အရမ်းမေးစစ်တယ်။ အဲဒါကြောင့် ဒီဘက်မှာလည်း ခုသွားရလာရ ခက်နေတယ်”လို့ ပြောပါတယ်။ ခုလို စစ်ကောင်စီစစ်သားတွေစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာကြောင့် အဲဒီကျေးရွာမှာ သွားရောက်တိမ်းရှောင်နေကြတဲ့ ဝူယန်၊နောင်ဟီး၊စန်းကားဘက်က စစ်ဘေးရှောင်ပြည်သူတွေဟာ မြစ်ကြီးနားမြို့ပေါ်တစ်ဆင့် ထပ်မံတိမ်းရှောင်လာကြတယ်လို့ မြစ်ကြီးနားမြို့တွင် စစ်ရှောင်တွေကိုလိုက်လံကူညီပေးနေတဲ့အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီတလောမြစ်ကြီးနားက စစ်ရှောင်တွေနဲ့ပြည့်နေတာ ဖားကန့်ဘက်ကကော၊ဝိုင်းမော်ဘက်ကတွေကောအခုလည်းထပ်ရောက်လာတယ်။ နောင်းချိန်းတို့ဘက်ကတဲ့ မနေ့ကလည်းလိုက်ပို့ရသေးတယ် နောင်းချိန်းဘက်ကရှောင်လာတာတဲ့ဟာ အခြေနေမကောင်းလို့ဆိုပြီးရောက်လာကြတာ”လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဗလမင်းထင်တံတားအထက်မှာရှိတဲ့ ဂွေထုကျေးရွာဟာ ပြည်သူ့စစ်ဦးလဆန်အောင်ဝါထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ သို့သော် အသက် ၈၀ အရွယ်ရှိ လဝါယာန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ နိုဝင်ဘာလ ၁၆ ရက် မနက်အစောပိုင်း ကွယ်လွန်သွားခဲ့ပြီးနောက် သူ့နေရာမှာ လက်ရှိ ဦးမဂျီနော်လီကို လဝါယာန်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။ လတ်တလော ကချင်ပြည်နယ်ရဲ့ ဒုတိယအရေးအပါဆုံးမြို့ဖြစ်တဲ့ဗန်းမော်မြို့ကို KIAနဲ့ပူးပေါင်းတပ် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့ကနေစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာတဲ့ချိန်ကစ ဗန်းမော်– မြစ်ကြီးနားလမ်းပိုင်းရှိ ဝိုင်းမော်မြို့နယ်ထဲမှာ အခုလိုစစ်ရေးလုပ်ရှားမှုခပ်စိပ်စိပ်ပြုလုပ်လာတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းအများပိုင်းနဲ့ စစ်ကောင်စီစစ်တပ်တွေအထိုင်ချထားတဲ့ ကျေးရွာအားလုံးကို KIAပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မေ လကတည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိ ဝိုင်းမော်မြို့တွင်းတပ် ခ.လ.ရ ၅၈ တပ်တစ်ခုထဲသာကျန်ရှိတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2024 -25 Novemberသတင်း
တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ ၇ ကြိမ်လောက်ရှိတယ်။ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်းတွေရထားတာလဲတော့မသိဘူး”လို့ပြောပါတယ်။ စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်းဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ ၈ လခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။ မနေ့က တစ်ရက်ထဲ ရွာ ၂ ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည ည ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “မနေ့ ည ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရဘူး”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန် ၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ရေးအခြေအနေအရ ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ နေရာယူထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့ပေါ်အထိ စစ်ကောင်စီတပ်တွေ နေရာယူးထားတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »








