သတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားတွင် ပြုလုပ်

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများစုပေါင်းပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ လူထုများ လူအခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို ပိုမိုသိရှိပြီး လက်ကိုင်ကျင့်သုံးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရပါသည်။

“လူ့အခွင့်အရေးဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ အရင်ဆုံးကျင့်သုံးဖို့ နဲ့ နားလည်ဖို့ လိုအပ်တယ်။ နောက်ပိုင်းမှ ကျနော်တို့ မျှဝေဖို့လိုအပ်တယ်။ ဒါမှ ကျနော်တို့ ပတ်ဝန်းကျင်ဟာ ဆိုရင် တကယ်ကို သာယာလှပပြီးတော့ အားလုံးက လူတန်းစေ့ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်သွားမှာဖြစ်တဲ့ အတွက် လူ့အခွင့်အရေးဟာဆိုရင် ပိုမိုလေ့လာဖို့အတွက်အရေးကြီးတယ်။” ဟု အခမ်းအနားတတ်ရောက်လာသည့် လူငယ် မောင် ဗီဆင့် က ဆိုပါသည်။

အခမ်းအနားတွင် ဘာသာရေးခေါင်းဆောင်များ ၊ အစိုးရဌာန ၊ နိုင်ငံတကာအဖွဲ့အစည်း ကမ္ဘာကုလသမ္မဂ ၊ လူငယ်အဖွဲ့အစည်းများ ၊ အမျိုးသမီးအဖွဲ့အစည်းများ ၊ ရှေ့နေများ ၊ နှင့် အရပ်ဖက်အဖွဲ့အစည်းများ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တတ်ရောက်ခဲ့ပါသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်လာပြီဆိုရင် ချိုးဖောက်ခံရတဲ့သူဘက်က ရပ်တည်ပြီးတော့မှ ကျူးလွန်သူကို ဥပဒေအရ ပြင်းထန်စွာ အရေးယူမှု ၊ လုပ်ဆောင်မှုမရှိလို့ ဖြစ်တယ်လို့ ကျမတို့ပြောလို့ရတယ်။ များသောအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်တဲ့သူတွေက ငွေရှိလို့ ၊ ပါဝါရှိလို့ ၊ အသိုင်းအဝိုင်း တစ်ခုခု နောက်ခံကြီးလို့ အဲအခြေအနေမှာရှိရင် သူက သူ့ထက်နိမ်တဲ့သူကို လူ့အခွင့်အရေးချိုးဖောက်ဖို့ အရမ်းလွယ်ကူတယ်။ ရှေ့နေတွေကို” ဟု Htoi Gender ဖွဲ့ဖြိုးရေးအဖွဲ့မှ ဒေါ်နန်ပူ ဆိုသည်။

ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု လျော့နည်းလာခြင်း မရှိသည့်အပြင် ပိုမိုဆိုးရွားသည့် အခြေအနေဖြင့် ကြုံတွေ့နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားနေသူများ ပြောဆို သုံးသပ်ထားမှုများ ရှိပါသည်။

စဉ်ဆက်မပြတ်စည်းရုံးလှုံ့ဆော်ခြင်းအစီအစဉ်အနေဖြင့် ဗန်းမော် ၊ ဝိုင်းမော် နှင့် မြစ်ကြီးနား စသည့် မြို့နယ် ၃ ခုတွင် လူအခွင့်အရေးနှင့် ပက်သက်သည့် လူငယ်လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း အစီစဉ် ဦးဆောင်သူတစ်ဥိး ညီမျှခြင်းမြန်မာအဖွဲ့မှ ကချင်ပြည်နယ် ဒေသညှိနှိုင်းရေးမှုး ဒေါ် ကွန်ထမ် ထွယ်ဆိုင်းမိုင်က ဆိုပါသည်။

 

Show More

Related Articles

Back to top button