သတင်း

မြစ်ကြီးနား မြေမြင့်ရပ်ကွက်က ဆီပန့်တစ်ခုကို အိမ်နီးချင်းများကန့်ကွက်

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ လူနေအိမ်များဖြင့် အလွန်နီးကပ်စွာ ဆောက်လုပ်နေသော စက်သုံးဆီပန့်ဆိုင်ကို ဖျက်သိမ်းပေးရန် ယနေ မတ်လ ၂၆ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မြေမြင့်ရပ်ကွက် သုံးလမ်းဆုံတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး လူနေအိမ်များနှင့်အလွန် နီးကပ်နေသည့်အတွက် ဖျက်သိမ်းပေးရန် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒေါ်မြစံပယ်က ယခုလိုပြောသည်။

“၂၀၁၉-၂၀၂၀ ဒီဇင်လာမှာ ပြန်လာလုပ်တယ်။ ကျမတို့က ပထမတစ်ကြိမ်ကန့်ကွက် ထားပြီးသားဖြစ်တဲ့တွက် ပြန်လာမလုပ်ဘူးလို့ ထင်နေတာ။ ဒါပေမယ့် ဆီပန့်ဘဲပြန်လာလုပ်တဲ့ချိန်မှာ နောက်တစ်ကြိမ်ကန့်ကွက်စာ ပြန်တင်ခဲ့တယ်။ ဌာနဆိုင်ရာအသီးသီးကို ပြန်တင်ပေမယ့်လည်း ဒီကန့်ကွက်စာနဲ့ပတ်သက်ပြီးမှ ဘာမှပြန်စာမလာဘူး။ အဲလိုနဲ့ကန့်ကွက်စာတင်ရင်း စောင့်ကြည့်ရင်း ခုဆိုရင် ၁၈ကြိမ်မြောက်မြောက်ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခုဆီပန့်ကို ၂၀၁၇ ခုနှစ်မှ စတင်ဆောက်နေခြင်းဖြစ်ပြီး အနီးနားပတ်ဝန်းကျင် အိမ်များအပါအဝင် အိမ်ခြေပေါင်း ၁၇ စုမှ သက်ဆိုင်ရာဌာနများသို့ ကန့်ကွက်စာတင်ခဲ့ကြပြီးနောက် သက်ဆိုင်ရာမှလည်း အဆိုပါ ဆောက်လုပ်နေမှုကို ရပ်နားထားရန် ညွန်ကြားစာ ပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရပ်ကွက်ကလုပ်တယ်လို့ပြောတယ်။ ကျနော်တို့မှာလုပ်ပိုင်ခွင့်လည်း မရှိဘူး လုပ်ပေးလို့လည်း မရဘူး။ ထောက်ခံစာလာတောင်းရင်တော့ စည်းမျဉ်းစည်းကမ်းနဲ့ညီရင်တော့ ထောက်ခံပေးရမှာဘဲ။ ကျန်တာတော့ ကျနော်တို့လည်း မသိဘူးဗျ” ဟု မြေမြင့်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကြီးက ပြောသည်။

လက်ရှိဆောက်လုပ်နေသည့် ဆီပန့်သည် Asia Energy ဖြစ်ပြီး ယင်းဆီပန့်၏ မလှမ်းမကမ်းတွင် အခြား ဆီပန့်အားလုံး ၄ ခုရှိနေသော်လည်း ယခုဆီပန့်ကိုသာ ကန့်ကွက်နေခြင်းကို ၎င်းအနေဖြင့် နားမလည်နိုင်ကြောင်း ပြောသည်။

အိမ်နီးနားချင်း ၆ ဦးကို အိမ်အရောင်းအဝယ်ပြုလုပ်စဉ်က သက်သေအဖြစ်လက်မှတ်ထိုးခိုင်းခဲ့သော်လည်း ဆီပန့်ဆောက်လုပ်ရန် သဘောတူလက်မှတ်ထိုးပေးခြင်း မဟုတ်ကြောင်း ယနေ့ ကန့်ကွက်သူများပြောသည်။

“ဆီပန့်ဆောက်ဖို့နဲ့ပတ်သက်ပြီး တစ်ခါမှ လက်မှတ်လိုက်ထိုးခိုင်းတာ မရှိဘူး။ တစ်ခုတော့ရှိတယ်။ တစ်ခုတော့ရှိတယ်။ အိမ်အရောင်းဝယ်လုပ်တဲ့ချိန်မှာ အိမ်နီးနားချင်း ၆ဦးကို လက်မှတ်ထိုးခိုင်းတာတော့ ရှိတယ်။ ဘယ်လိုထိုးခိုင်းလဲဆိုရင် ကျနော်တို့ဒီအိမ်အရောင်းဝယ်ဖြစ်တယ်။ အဲဒါကြောင့်မို့ အိမ်နီးနားချင်း အသိမှတ်ပြုလက်မှတ်ထိုးပေးပါဆိုတော့ ပြောတဲ့တွက် ကျမတို့က အိမ်နီးနားချင်း ကူညီတဲ့အနေနဲ့လက်မှတ်ထိုးပေးတာပါ။ ဆီပန့်လုပ်ဖို့တွက် လက်မှတ်ထိုးပေးတာမဟုတ်ပါဘူး။” ဟု ဆန္ဒပြဦးဆောင်သူ ဒေါ်မြစံပယ်က ပြောသည်။

ဆီပန့်ဆောက်လုပ်သည့်နေရာသည် မြေမြင့်မြို့လယ် ဧရိယာဖြစ်ပြီးနေပြီး ဆီပန့်မြုပ်ရန်တွက် ဘက်ဟိုးနှင့်မြေတူးဖော်ရာတွင် ဘေးအိမ်နဲ့အရမ်းနီးကပ်နေသည့််အတွက် ဘေးနားအိမ် ကြမ်းပြင်များ ကွဲအက်တဲ့ထိပင် ဖြစ်ကြောင်း ဆီပန့်ဘေးအိမ်မှ ဦးဟာရီလားက ခုလိုပြောသည်။

“ ကျနော်တို့အိမ်က အသက်အန္တာရယ်ဖြစ်နေပြီ ကျနော့်အိမ်နဲ့ ၁ပေကျော်ကျော်မှာ ဆီဘောက်ဆာတွေမြုပ်ထားတယ်လေ။ ဂါလံ ၂၀၀၀ ဆံ့တဲ့ဟာ ၄ခုမြုပ်ထားတယ်။ တစ်စုံတစ်ခုဖြစ်လာရင် ကျနော့အိမ်က တစ်ယောက်မှကျန်မှာမဟုတ်ဘူး။ ကျနော်တို့ ဂေါ်ရခါးထုံးစံအရ ဝရန်တာမှာနေ့တိုင်းမီးပူဇော်တယ်။ ဥပုဒ်နေ့ဆို ညနေထိမီးပူဇော်တယ်။ မီးပူဇော်တဲ့နေရာနဲ့ ဆီဘောက်ဆာနဲ့က ၄ပေလောက်ဘဲကွာတယ်။ မီးပူဆောင်နဲ့ဆိုရင် ၁၀ပေလောက်ဘဲကွာတယ်။ အဲဒါကြောင့် ဒီဆီပန့်ကို သက်ဆိုင်ရာကနေ ရပ်တန့်ခိုင်းဖို့တောင်းဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကော၊ ပြည်နယ်အစိုးရအဖွဲ့ကော လျစ်လျူရူထားတယ်။ တစ်ခါမှလာမကြည့်ဘူး ကျနော်တို့ပြည်သူတွေက ဘယ်သူ့ကိုအားကိုးရမလဲ။” ဟု ဦးဟာရီလားကဆိုသည်။

ယခုကိစ္စကို သက်ဆိုင်ရာမှ အမြန်ဆောင်ရွက်ပေးခြင်းမရှိသေးသရွှေ့ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။

 

Show More

Related Articles

Back to top button