သတင်း

မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများတွင် Covid-19 ကြောင့် ကူညီထောက်ပံ့မှုများလျှော့နည်း

မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းများနှင့် မိဘမဲ့ဂေဟာများတွင် Covid-19 ရောဂါကြောင့် အလှူရှင်များလာရောက်မှု မရှိတော့သည့်နောက်ပိုင်း အစားအသောက်အတွက် အခက်အခဲကြုံတွေ့လာရသည်ဟု သိရသည်။

အဆိုပါနေရာများမှာ နောင်နန်း Agape မိဘမဲ့ဂေဟာ နှင့် ဂျန်မိုင်ကောင် Agape မိဘမဲ့ဂေဟာ တို့ဖြစ်သည်။

“အခုလိုမျိုး Covid-19 ရောဂါ ဖြစ်လာတဲ့ချိန်ကျ အလှူရှင်တွေက အရင်လိုရောက်မလာကြတော့ဘူး။ ကျွန်တော်တို့ ကလေးတွေမှာ အစားအသောက်နှင့် အာဟာရပိုင်းမှာ အခက်အခဲတွေ ရှိလာတယ်။” ဟု ဂျန်မိုင်ကောင် အာဂါဗေ မိဘမဲ့ဂေဟာ တာဝန်ခံ ဆရာ မဒိန်ယိန်းဇုန်းက ပြောသည်။

ရှိနေဆဲ အစားအသောက်အတွက် လက်ရှိအခြေအနေကို ကျော်လွန်နိုင်သော်လည်း ရေရှည်အတွက် အစားအသောက်ပြဿနာဖြေရှင်းရန် စိုးရိမ်ကြောင်း ထပ်မံ ပြောဆိုသည်။

နိုင်ငံတော်အစိုးရမှ သင်္ကြန်ကာလအတွင်း အခြေခံ လူတန်းစားများကို ထောက်ပံ့မည့်အစီစဉ်တွင် ရွှေ့ပြောင်းနှင့် စစ်ရှောင်စခန်းများပါဝင်သော်လည်း မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများသည် နေ့လုပ်နေ့စား မဟုတ်သည့်အတွက် မပါဝင်ကြောင်း သိရသည်။

Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကလေးများ၏ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများ၊ လိုအပ်သောပစ္စည်းများ နှင့်ပိုသတ်ဆေးဖြန်း မှု အကူအညီများ လိုအပ်နေကြောင်းသိရသည်။

ဂျန်မိုင်ကောင် မိဘမဲ့ဂေဟာ တွင် ကလေးသူငယ် စုစုပေါင်း လေးဆယ်ကျော် နှင့် နောင်နန်းမိဘမဲ့ဂေဟာတွင် ကလေးသူငယ်ပေါင်း အယောက်၂၀ ခန့်ရှိကြောင်း တာဝန်ခံများထံမှသိရသည်။

 

Show More

Related Articles

Back to top button