သတင်း

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကချင်ပြည်နယ်အကျဉ်းထောင့်များမှ အကျဉ်းသား ၁၇၀၀ လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကချင်ပြည်နယ်အတွင်း အကျဉ်းထောင်များမှ အကျဉ်းသားစုစုပေါင်း ၁၇၀၀ ခန့် ယနေ့ လွတ်မြောက်လာကြောင်း သိရသည်။

ထိုအထဲ မြစ်ကြီးနား အကျဉ်းထောင်မှ အယောက် ၉၀၀ ခန့်ပါဝင်သည်ဟု သိရသည်။

“အကုန်လုံးဆိုရင်တော့ ၁၇၀၀ကျော်လောက်ရှိတယ်လို့ကြားရတယ်။ လက်ရှိအနေ အထားအရ လူစုလူဝေးမဖြစ်အောင် သွားလာရေးအဆင်ပြေအောင် သက်ဆိုင်ရာကနေ တဆင့် နေရာအရောက်လိုက်ပို့ဖို့ စီးစဉ်ထားတယ်” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ပြောသည်။

လွတ်မြောက်လာသူအများစုမှာ မူးယစ်မှုဖြင့်ထောင်ကျသူများဖြစ်သည်ဟု သိရသည်။

မိုးညှင်း ၊ ဟိုပင်မှ အကျဉ်းသားများကို အကျဉ်းဦးစီးဌာနမှ ဦးစီးပြီး ရထားဖြင့် ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟု မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူး ပြောသည်။

မြန်မာ့နှစ်သစ်မင်္ဂလာအချိန် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၂၄၈၉၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ယနေ့ ထုတ်ပြန်ထားသည်။

 

Show More

Related Articles

Back to top button