သတင်း

လူနာအမှတ်စဉ် ၈၂ ဖြင့်ဆက်စပ်သော ကချင်ပြည်နယ်မှ စောင့်ကြည့်လူနာ ၈ ဦးအနက် ၄ ဦးကို စစ်ဆေးရာ ပိုးမတွေ့

Covid-19 ပိုးတွေ့ရှိ လူနာအမှတ်စဉ် ၈၂ နှင့် ထိစပ်ခဲ့ကြသည့် ကချင်ပြည်နယ်မှ စောင့်ကြည့်ခံထားသူ ၈ဦးအနက် ၄ ဦးအား ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ ပိုးမတွေ့ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လူနာအမှတ် ၈၂ ဖြင့် လေယာဉ်အတူးစီးခဲ့ကြသူများသည် မြစ်ကြီးနားမြို့တွင် ၅ဦး၊ ဝိုင်းမော်မြို့နယ်တွင် ၁ဦး၊ ဖားကန့်မြို့နယ်တွင် ၂ဦး စုစုပေါင်း ၈ ဦးအနက် ၄ဦးအား စစ်ဆေးပြီးဖြစ်ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာနော်ရဲှယ်တာ ပြောသည်။

“အဲဒီ Case လူနာအမှတ် ၈၂ နဲ့ထိစပ်ခဲ့တာ ၈ယောက်ရှိတဲ့ထဲမှာ ၄ယောက်ကိုတော့ စစ်ပြီးပြီ။ သင်္ကြန်ကာလအတွင်း စစ်ဆေးပြီးဖြစ်တယ်။ အားလုံးက Nagative ဖြစ်တယ်။ ကျန်တဲ့ ၄ယောက်ကိုတော့ သန်ဘက်ခါလောက်ပို့ဖို့ စီစဉ်နေပါတယ်။” ဟု ကျန်းမာရေးမှူး ဒေါက်တာနော်ရဲှယ်တာ ပြောသည်။

ကချင်ပြည်နယ်တွင် လက်ရှိ Home Quarantine ၁၉၁၂ ဦး၊ Facility Quarantine ၂၇၆၇ ဦးရှိပြီး Quarantine ထားရှိသူ အားလုံးသည် ၄၆၈၈ဦး ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

လက်ရှိ ကချင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံတစ်ဝှမ်းတွင် Covid-9 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်တွက် လေယာဉ်လိုင်းများ၊ ခရီးသွားမော်တော်ယာဉ်များ၊ မီးရထားများ သွားလာခြင်းမပြုရန် ပိတ်ပင်ထားသည့်အတွက် သံသယစောင့်ကြည့်သူများ၏ ဓါတ်ခွဲစစ်ဆေးမှုများပေးပို့ရန်ရာတွင် အခက်ခဲရှိနေကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

“ခုလေကြောင်းလိုင်းတွေက ပိတ်ထားတော့ ကျမတို့အနေနဲ့ ဓါတ်ခွဲဖို့ ပို့တဲ့နေရာမှာ အခက်ခဲတော့ရှိတယ်။ အချိန်မှီ ၄၈နာရီရောက်မှ တိကျတဲ့အဖြေကရမှာ။ အဲတော့ ဒီကနေဘယ်ချိန်ထွက်မယ် ဘယ်နေရာမှာအိပ်မယ် ရန်ကုန်ကိုဘယ်ချိန်ရောက်မယ်ဆိုတာကအစ အကုန်လုံးကအချိန်ကိုက်လုပ်ရတာပေါ့။ ကားဆရာကလည်း အိပ်ငိုက်လို့မရဘူး။ အဲမှာကိုယ့်ရဲ့ကျန်းမာရေးဝန်ထမ်းက ပါရသေးတယ်။ အအေးလမ်းစနစ်နဲ့ သယ်ရတယ်ဆိုတော့ အအေးလမ်းမပြတ်အောင် ပညာရှိတွေလည်း လိုက်ပေးရတယ်။” ဟု ကျန်းမာရေးမှူး ဒေါက်တာနော်ရဲှယ်တာ ပြောသည်။

ကချင်ပြည်နယ်တွင် ပြည်တော်ပြန်များကိုထားရှိရန် ပြင်ဆင်ထားသည့် FQ နေရာ စုစုပေါင်း ၃၅၁ အနက် နေရာ ၂၅၂ တွင် သုံးနေပြီဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button