သတင်း

အခြေခံပညာစာသင်ကျောင်းများ အောင်စားရင်းထုတ်ပြန်မည့်ရက် အတိအကျမသိရသေး

ကချင်ပြည်နယ် အခြေခံပညာစာသင်ကျောင်းများ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသား/သူများ၏ အောင်စာရင်း ထုတ်ပြန် ကြေညာမည့် ရက်အား အတိကျ မသိသေးကြောင်း ကချင်ပြည်နယ်ပညာရေးစီးဦးဌာနမှ သိရသည်။

“ဆရာမကြီးတို့က ကိုယ့်တစ်ပြည်နယ်ထဲမှ ထွက်လို့မရပါဘူး။ ရုံးချုပ်ကနေညွှန်ကြားမှ တိုင်းနဲ့ပြည်နယ်အားလုံး တစ်ပြိုင်နက်ထွက်ရတာကို။ ကချင်ပြည်နယ်အနေနဲတော့ အားလုံးပြီးပြီ။ တစ်ချို့တိုင်းနဲ့ပြည်နယ်တွေကျတော့ အချိန်မှီ စာစစ်လို့မပြီးသေးတာပေါ့။ စာစစ်လို့မပြီးသေးတဲ့အခါ Covid ကပေါ်လာတော့ လူတွေမစုရဘူးဆိုတော့ စာစစ်လုပ်ငန်းတွေ ကျန်နေကြတာပေါ့။ ဆရာမကြီးတော့ ကချင်ပြည်နယ်ကတော့အားလုံးပြီးသွားပြီ။ ထွက်ဆိုထွက်လိုက်ရုံပါဘဲ။ နဂိုသတ်မှတ်ရက်က ဧပြီ ၂၆ရက်နေ့ ပုံမှန်ထွက်တာဟုတ်တယ်။ ဒါပေမယ့် အဲနေ့မထွက်နိုင်လောက်ဘူး။” ဟု ကချင်ပြည်နယ် ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့က ပြောသည်။

ယခင်နှစ်များတွင် ကျောင်းသား/သူများ၏ အောင်စာရင်းများအား ဧပြီလ ၂၆ရက်နေ့တွင် ထုတ်ပြန် ကြေညာပေးနေသော်လည်း ယခုနှစ်တွင်မူ အခြေခံပညာရေးဦးစီးဌာနမှ အောင်စာရင်းထုတ်ပြန်ဖို့ တစ်စုံတစ်ရာညွှန်ကြားခြင်း မရှိသေးကြောင်း ပြည်နယ်ပညာရေးမှူးဒေါ်ခင်သန်းနွှဲ့ထံမှ သိရသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အခြေခံပညာဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ်က ဦးကိုလေးဝင်း ယခုလို ပြောသည်။

“အောင်စာရင်းက မထွက်နိုင်သေးဘူး တစ်ချို့တိုင်းနဲ့ပြည်နယ်တွေက စစ်တာတွေမပြီးသေးဘူး။ နဂိုကဆို ဧပြီ ၂၆ရက်နေ့မှ ထုတ်ပြန်ပေးနေကျဟုတ်တယ်။ ဒါပေမယ့်ဒီနှစ်တော့ နည်းနည်းနှောင့်နှေးကြန့်ကြာမယ့် အပိုင်းတွေရှိနေတယ်။ လောလောဆယ်တော့ ဘယ်နေ့လောက်ထုတ်ပြန်မလဲဆိုတာ မခန့်မှန်းနိုင်သေးဘူး။ ဒီတိုင်းဆို ဧပြီလကုန်ထိ စောင့်ကြည့်ရအုံးမယ်။” ဟု ပြောသည်။

ကမ္ဘာတစ်ဝှမ်းကူးစက်မှု မြင့်မားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြည်နယ်၊ တိုင်းအချို့မှ စာစစ်ဌာနအချို့ရပ်နားထားရပြီး ကျန်းမာရေးအခြေနေအပေါ်မူတည်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာပြည်တစ်ပြည်နယ်လုံး အခြေခံပညာအဆင့်ကျောင်းတွင်းစစ်စာမေးပွဲတွင် ကျောင်းသား/သူ ဦးရေပေါင်း ၉.၇သန်းရှိပြီး တက္ကသိုလ်ဝင်သန်းစာမေးပွဲဖြေဆိုသူဦးရေမှာ ၈သိန်းခန့်ရှိကြောင်း သက်ဆိုင်ရာဌာနမှသိရသည်။

Covid-9 ဖြစ်ပေါ်နေစဉ်တွင်း ကိုယ်ပိုင်စာသင်ကျောင်းများတွင် ကျူရှင်သင်ခြင်းများလည်းမပြုရန် ပြည်နယ်တိုင်းအလိုက် ညွှန်ကြားထားပြီဖြစ်ကြောင်း အခြေခံပညာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

Show More

Related Articles

Back to top button