သတင်း

စိုက်ပျိုးရေးကုမ္ပဏီ တိုးချဲ့လာမှုကြောင့် မံဝယ် လိုင်နှောင်ခူး စစ်ရှောင်များ တားမြစ်ဆိုင်းဘုတ်စိုက်ထူ

ကချင်ပြည်နယ် ကားမိုင်းမြို့တွင် စစ်ရှောင်အဖြစ်ရှိနေသော မံယ်ကျေးရွာ(လိုင်နှောင်ခူး) စစ်ရှောင်ပြည်သူများက ၎င်းတို့ စွန့်ခွာခဲ့သော နေရင်းကိုပြန်လည်ကာကွယ်သည့် သတိပေးဆိုင်းဘုတ်များ မေလ ၁၈ ရက်နေ့တွင် သွားရောက် စိုက်ထူခဲ့သည်ဟု သိရသည်။

ကားမိုင်းမြို့ ကထန်ယန်ကျေးရွာအုပ်စုတွင် ပါဝင်သော မံဝယ်ကျေးရွာတွင် စိုက်ပျိုးရေးကုမ္ပဏီများက စီမံကိန်းတိုးချဲ့လုပ်ဆောင်လာသဖြင့် ကားမိုင်းမြို့တွင်ရှိနေသော ဒေသခံ စစ်ရှောင်များက ‘Madu Nga Ai…Bai Gaw Gap La Na’ (ပိုင်ရှင်ရှိသည်… ပြန်လည်လုပ်ကိုင်ယူမည်) စသည့် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်ဟု စစ်ရှောင်တာဝန်ခံ Hpt. Dan htawng က ယခုလို ပြောဆိုသည်။

မံဝယ်ကျေးရွာတွင် ဒေသခံများ တားမြစ်ဆိုင်းဘုတ် စိုက်ထူနေပုံ

“ကျနော်တို့ မန်းဝိုင်းကျေးရွာရဲ့ အနီးတဝိုက်မှာ စိုက်ပျိုးရေးလုပ်တဲ့ လုပ်ငန်းရှင်တစ်ချို့က ဝင်ရောက်လာတယ်လို့ ကြားရတယ်။ တစ်ချို့ဆိုရင် ကျေးရွာအနားရောက်တော့မယ်။ နောက် မိုးညှင်းမြို့ဘက်ကလည်း စားကျက်နယ်မြေ ဆိုပြီး လာသတ်မှတ်တာတွေ ရှိလာတယ်။ ပိုဆိုးတာက အခုကျနော်တို့ နေထိုင်တဲ့ မြေနေရာတွေက အစိုးရက တရားဝင် ပြေစာမပေါက်သေးဘူး။ ပြေစာတွေရဖို့လည်း ကျနော်တို့ ဒေသခံတွေက လုပ်ဆောင်သွားဖို့ ရှိတယ်။ ဒါကြောင့် ပြသနာတစ်စုံတစ်ရာ မဖြစ်စေချင်လို့ ကျေးရွာ နယ်နမိတ် သွားရောက် သတ်မှတ်ကြတာပေါ့” ဟု ပြောဆိုသည်။

ယခုကဲ့သို့ စစ်ရှောင်များ မိမိဒေသသို့ နယ်နမိတ်စည်း သတ်မှတ်သည့် ဆိုင်းဘုတ်များ သွားရောက်စိုက်ထူနိုင်ရန် ကားမိုင်း အစိုးရ အုပ်ချုပ်ရေးမှူးများနှင့် KIO ဘက်တာဝန်ရှိသူများထံသို့ စာတင်ပြခဲ့သည်ဟုလည်း ပြောသည်။

၂၀၁၈ ဧပြီလတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားလာသောကြောင့် နမ့်စီးအန့်၊ လဂတ်ယာန် နှင့် မံဝယ်ကျေးရွာများရှိ စစ်ရှောင်များသည် ကားမိုင်း ထွယ်ဆန်ယာန် နှစ်ခြင်းခရစ်ယာန်အသင်းတော်နှင့် RCM(ဓမ္မာရုံ)စသော နေရာ ၂ ခုတွင် တိမ်းရှောင်နေသည်မှာ ၂နှစ်ကျော် ရှိပြီဖြစ်သည်။

အဆိုပါ စစ်ရှောင်စခန်း ၂ခုတွင် စစ်ရှောင် အိမ်ထောင်စု ၄၀ခန့်ရှိပြီး လူဦးရေ စုစုပေါင်း ၂၀၀ကျော်ခန့်ရှိနေကြောင်း သိရသည်။

မံဝယ်ကျေးရွာတွင် ဒေသခံများ တားမြစ်ဆိုင်းဘုတ် စိုက်ထူနေပုံ

၂၀၁၈ ခုနှစ် မံဝယ် လိုင်နှောင်ခူး တိုက်ပွဲကြား ပိတ်မိနေသော ဒေသခံများကို အစိုးရမှ ကယ်ထုတ်ပေးရန် မြစ်ကြီးနားမြို့တွင် လူထုဆန္ဒဖော်ထုတ်မှုများရှိခဲ့ပြီး ဦးဆောင်သူများအနက် ၃ ဦးသည် ထောင် ၆ လနှင့် ငွေဒဏ် ၅ သိန်းစီ ချမှတ်ခံခဲ့ရသည်။

 

Show More

Related Articles

Back to top button