သတင်း

မြန်မာစစ်တပ် နှင့် KIA ကြား တိုက်ပွဲ မူဆယ်ခရိုင်အတွင်း ဆက်လက် ဖြစ်ပွား

မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲမှာ စက်တင်ဘာ (၁၂) စနေနေ့ မနက်ပိုင်း အချိန်တို တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ယမန်နေ့ ဖြစ်ပွားခဲ့သည့် Kai Dwi Kawng တောင်ကုန်းအနီး မန်ကောင်း (Man Kawng)ရွာ သို့ ဦးတည်လာသည့် တပ်မ (၈၈) စစ်ကြောင်းကို KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) တပ်ဖွဲ့များ စောင့်ကြိုတိုက်ခိုက်ရာမှ အချိန်တို တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးအ အမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို အတည်ပြုပြောပါသည်။

“မနက် ၉ နာရီခွဲ လောက်ကနေ မန်ကောင်းရွာနားမှာ ထပ်မံ ပစ်ခတ်မှု ဖြစ်ပွားပါတယ်၊ တပ်ရင်း (၃၆)တွေ နဲ့ပါ။ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနိုင်ပါတယ်။”

စနေနေ့ နံနက်ပိုင်း စောင့်ကြိုတိုက်ခိုက်မှုတွင် မြန်မာ စစ်သား အနည်းဆုံး သုံးဦးခန့် ထိခိုက်မှုရှိပြီး KIA ဘက်မှာ မရှိကြောင်း အထက် KIA အရာရှိက ဆိုပါသည်။

Kai Dwi Kawng တောင်ခြေရှိ မန်ကောင်း (Man Kawng) ရွာမှာ လူဦးရေ ၂၈၀ ကျော်ရှိပြီး ၎င်းတို့ အားလုံးသည် သောကြာနေ့ နံနက်ပိုင်းကတည်းက နီးစပ်ရာ မန်ပိန်း (Man Pying) ကျေးရွာသို့ ထွက်ပြေးခိုလှုံနေကြသည်ဟု မန်ပိန်း ရွာလူကြီး တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

မြန်မာစစ်တပ်သည် တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ယခု စက်တင်ဘာလထိ တစ်လ ထပ်မံတိုးလိုက်သော်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မ (၈၈)၊ တပ်မ (၉၉) နှင့် တပ်မ (၂၂)တို့က နယ်မြေရှင်းလင်းရေး စစ်ဆင်လှုပ်ရှားမှုကြောင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကိုးကန့် MNDAA၊ ရခိုင် AA နှင့် KIA တို့နှင့် ယခုအပတ်မှာ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှာ တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။

 

……Zawgyi…..

ျမန္မာစစ္တပ္ ႏွင့္ KIA ၾကား တိုက္ပဲြ မူဆယ္ခ႐ိုင္အတြင္း ဆက္လက္ ျဖစ္ပြား

September 12, 2020/KNG

ျမန္မာစစ္တပ္ ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္၊ ၾကဴကုတ္ (ပန္ဆိုင္း)ျမိဳ႕နယ္ခြဲမွာ စက္တင္ဘာ (၁၂) စေနေန႔ မနက္ပိုင္း အခ်ိန္တို တိုက္ပြဲဆက္လက္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားမွ သိရသည္။

ယမန္ေန႔ ျဖစ္ပြားခဲ့သည့္ Kai Dwi Kawng ေတာင္ကုန္းအနီး မန္ေကာင္း (Man Kawng)ရြာ သို႔ ဦးတည္လာသည့္ တပ္မ (၈၈) စစ္ေၾကာင္းကို KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆) တပ္ဖြဲ႔မ်ား ေစာင့္ၾကိဳတိုက္ခိုက္ရာမွ အခ်ိန္တို တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု လုံျခံဳေရးအ အမည္မေဖာ္လိုသူ KIA တပ္မဟာ (၆) အရာရိွ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ယခုလို အတည္ျပဳေျပာပါသည္။

“မနက္ ၉ နာရီခြဲ ေလာက္ကေန မန္ေကာင္းရြာနားမွာ ထပ္မံ ပစ္ခတ္မႈ ျဖစ္ပြားပါတယ္၊ တပ္ရင္း (၃၆)ေတြ နဲ႔ပါ။ တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားႏိုင္ပါတယ္။”

စေနေန႔ နံနက္ပိုင္း ေစာင့္ၾကိဳတိုက္ခိုက္မႈတြင္ ျမန္မာ စစ္သား အနည္းဆုံး သုံးဦးခန္႔ ထိခိုက္မႈရိွၿပီး KIA ဘက္မွာ မရိွေၾကာင္း အထက္ KIA အရာရိွက ဆိုပါသည္။

Kai Dwi Kawng ေတာင္ေျခရိွ မန္ေကာင္း (Man Kawng) ရြာမွာ လူဦးေရ ၂၈၀ ေက်ာ္ရိွၿပီး ၎တို႔ အားလုံးသည္ ေသာၾကာေန႔ နံနက္ပိုင္းကတည္းက နီးစပ္ရာ မန္ပိန္း (Man Pying) ေက်းရြာသို႔ ထြက္ေျပးခိုလႈံေနၾကသည္ဟု မန္ပိန္း ရြာလူၾကီး တစ္ဦး ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

ျမန္မာစစ္တပ္သည္ တဖက္သတ္ အပစ္အခတ္ရပ္စဲေရးကို ယခု စက္တင္ဘာလထိ တစ္လ ထပ္မံတိုးလိုက္ေသာ္လည္း ရွမ္းျပည္ေျမာက္ပိုင္းတြင္ တပ္မ (၈၈)၊ တပ္မ (၉၉) ႏွင့္ တပ္မ (၂၂)တို႔က နယ္ေျမရွင္းလင္းေရး စစ္ဆင္လႈပ္ရွားမႈေၾကာင့္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔၀င္ ကိုးကန္႔ MNDAA၊ ရခိုင္ AA ႏွင့္ KIA တို႔ႏွင့္ ယခုအပတ္မွာ ၾကဴကုတ္ (ပန္ဆိုင္း) ျမိဳ႕နယ္ခြဲမွာ တိုက္ပြဲမ်ား ျဖစ္ပြားလာျခင္းျဖစ္သည္။

Show More

Related Articles

Back to top button