သတင်း

မူဆယ်ခရိုင်တွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ကြား စက်တင်ဘာ (၁၄) တနင်္လာနေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) နယ်မြေ ဖြစ်သော ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲမှာ တပ်မတော် လှုပ်ရှားစစ်ကြောင်းများ နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ကိုးကန့် MNDAA၊ ရခိုင် AA နှင့် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

KIA စခန်းရှိရာ Hpun Pyen Yang မှာ ဖြစ်ပွားသည့် အချိန်တို တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီ ၄၅မိနစ် ကနေ Hpun Pyen Yang မှာ KIA တပ်ရင်း (၃၆) တပ်ဖွဲ့တွေ ရှိတဲ့နေရာဆီ မုန်းလီ (Mongli) ဘက်က တက်လာတဲ့ မြန်မာစစ်တပ် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာပါ။”

တနင်္လာနေ့တိုက်ပွဲမှာ KIA ဘက်မှာ ထိခိုက်မှု မရှိသော်လည်း မဟာမိတ် MNDAA စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၁ဦးမှာ ပြင်းထန်ကြောင်း KIA တပ်မဟာ (၆) အရာရှိ တစ်ဦးပြောပါသည်။ တပ်မတော်ဘက်က ထိခိုက်မှု သတင်း မသိရသေးပါဘူး။

မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်း လှုပ်ရှားစစ်ကြောင်းများသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိသည့် ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာသောကြောင့် စက်တင်ဘာ (၁၁) ရက်မှစပြီး တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ဧရိယာရှိ မန်ကောင်း (Man Kawng) ကချင်ရွာသားများ ၂၀၀ ကျော်သည် သောကြာနေ့ကတည်းက နီးစပ်ရာ မန်ပိန်း (Man Pying) ရွာသို့ စစ်ရှောင်တိမ်း ခိုလှုံနေရပါသည်ဟု မန်ကောင်း ရွာလူကြီးက ဆိုပါသည်။

COVID-19 ကပ်ရောဂါ ကာလအတွင်း တပ်မတော်က ၎င်း၏ တဖက်သတ် အပစ်ခတ်ရပ်စဲရေးကို ယခု စက်တင်ဘာ တစ်လ ထပ်တိုးထားသော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များနှင့် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

နှစ်ဖက် bilateral ceasefire ပြုလုပ်ရန် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်ကြသော KIA၊ MNDAA၊ AA နှင့် တအာင်း TNLA တို့က လိုလားသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ နှင့် တပ်မတော် အကြား သဘောထား ကွဲလွဲမှုကြောင့် အပစ်ရပ်ဆွေးနွေးပွဲ ပြန် မစနိုင်သေးကြောင်း မြစ်ကြီးနား အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင် PCG (Peace-talk Creation Group)မှ Duwa Lamai Gum Ja ဆိုပါသည်။

 

…..zawgyi….

 

မူဆယ္ခ႐ိုင္တြင္ ျမန္မာစစ္တပ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုက္ပဲြ ဆက္လက္ ျဖစ္ပြား

September 14, 2020/KNG

ျမန္မာစစ္တပ္ ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားေတာ္လွန္ေရးတပ္ဖြဲ႔မ်ား ၾကား စက္တင္ဘာ (၁၄) တနလၤာေန႔က ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္တြင္ တိုက္ပြဲ ဆက္လက္ ျဖစ္ပြားခဲ့သည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ (၆)လက္ေအာက္ တပ္ရင္း (၃၆) နယ္ေျမ ျဖစ္ေသာ ၾကဴကုတ္ (ပန္ဆိုင္း)ျမိဳ႕နယ္ခြဲမွာ တပ္မေတာ္ လႈပ္ရွားစစ္ေၾကာင္းမ်ား ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ သုံးဖြဲ႔ ကိုးကန္႔ MNDAA၊ ရခိုင္ AA ႏွင့္ KIA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

KIA စခန္းရိွရာ Hpun Pyen Yang မွာ ျဖစ္ပြားသည့္ အခိ်န္တို တိုက္ပြဲႏွင့္ပတ္သက္ၿပီး ေဒသခံ တစ္ဦး ကခ်င္သတင္းဌာန KNG ကို ယခုလို ေျပာပါသည္။

“ျမန္မာစံေတာ္ခ်ိန္ မြန္းလြဲ ၁နာရီ ၄၅မိနစ္ ကေန Hpun Pyen Yang မွာ KIA တပ္ရင္း (၃၆) တပ္ဖြဲ႔ေတြ ရိွတဲ့ေနရာဆီ မုန္းလီ (Mongli) ဘက္က တက္လာတဲ့ ျမန္မာစစ္တပ္ စစ္ေၾကာင္းနဲ႔ တို္က္ပြဲျဖစ္တာပါ။”

တနလၤာေန႔တိုက္ပြဲမွာ KIA ဘက္မွာ ထိခိုက္မႈ မရိွေသာ္လည္း မဟာမိတ္ MNDAA စစ္သား ၂ ဦး ထိခိုက္ဒဏ္ရာ ရရိွၿပီး ၁ဦးမွာ ျပင္းထန္ေၾကာင္း KIA တပ္မဟာ (၆) အရာရိွ တစ္ဦးေျပာပါသည္။ တပ္မေတာ္ဘက္က ထိခိုက္မႈ သတင္း မသိရေသးပါဘူး။

ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ပူးေပါင္း လႈပ္ရွားစစ္ေၾကာင္းမ်ားသည္ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႔မ်ားရိွသည့္ ၾကဴကုတ္ (ပန္ဆိုင္း)ျမိဳ႕နယ္ခြဲတြင္ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္လာေသာေၾကာင့္ စက္တင္ဘာ (၁၁) ရက္မွစၿပီး တိုက္ပြဲမ်ား ေန႔စဥ္လိုလို ျဖစ္ပြားျခင္းျဖစ္သည္။

တိုက္ပြဲေၾကာင့္ ဧရိယာရိွ မန္ေကာင္း (Man Kawng) ကခ်င္ရြာသားမ်ား ၂၀၀ ေက်ာ္သည္ ေသာၾကာေန႔ကတည္းက နီးစပ္ရာ မန္ပိန္း (Man Pying) ရြာသို႔ စစ္ေရွာင္တိမ္း ခိုလႈံေနရပါသည္ဟု မန္ေကာင္း ရြာလူၾကီးက ဆိုပါသည္။

COVID-19 ကပ္ေရာဂါ ကာလအတြင္း တပ္မေတာ္က ၎၏ တဖက္သတ္ အပစ္ခတ္ရပ္စဲေရးကို ယခု စက္တင္ဘာ တစ္လ ထပ္တိုးထားေသာ္လည္း တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး NCA စာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း မရိွသည့္ ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႔မ်ားႏွင့္ ရွမ္းျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားျခင္းျဖစ္သည္။

ႏွစ္ဖက္ bilateral ceasefire ျပဳလုပ္ရန္ ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႔ျဖစ္ၾကေသာ KIA၊ MNDAA၊ AA ႏွင့္ တအာင္း TNLA တို႔က လိုလားေသာ္လည္း ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ေသာ အမိ်ဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD အစိုးရအဖြဲ႔ ႏွင့္ တပ္မေတာ္ အၾကား သေဘာထား ကြဲလြဲမႈေၾကာင့္ အပစ္ရပ္ေဆြးေႏြးပြဲ ျပန္ မစႏိုင္ေသးေၾကာင္း ျမစ္ၾကီးနား အေျခစိုက္ ျငိမ္းခ်မ္းေရးအကိ်ဳးေဆာင္ PCG (Peace-talk Creation Group)မွ Duwa Lamai Gum Ja ဆိုပါသည္။

Show More

Related Articles

Back to top button