Covid-19 Reportingသတင်း

ကချင်ပြည်နယ်အတွင်း ခရီးသွားလျှင် သိထားသင့်သည့်အကြောင်းအရာများ

ကချင်ပြည်နယ်အတွင်း ခရီးသွားလိုပါက မိမိနေရပ် ရပ်ကွက်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာဖြင့်ခရီးသွားလာနိုင်ပြီး ပြည်နယ်ပြင်ပမှ ဝင်လာသူများမှာ Quarantine ဝင်ရမည်ဖြစ်သည်။

“ပြည်နယ်တွင်းမှာ ကန့်သတ်ထားတာတော့မရှိသေးပါဘူး။ အရေးကြီးလို့ သွားရမယ်ဆိုရင်တော့ ဥပမာ မြစ်ကြီးနားကနေ ဖားကန့် သွားမယ်ဆိုရင် မြစ်ကြီးနားစီတာပူမှာနေထိုင်တယ်ဆိုရင် စီတာပူမှာနေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာတော့ ယူသွားရမယ်။ အဓိကစစ်တာ ရန်ကုန်-မန္တလေး-နေပြည်တော် Home Stay သတ်မှတ်ထားတဲ့ မြို့နယ်က လာတာတွေကို ဟုတ်မဟုတ်အဝင်တွေမှာ စစ်ကြတယ်။ ဒါကြောင့် ပြည်နယ်တွင်း သွားမယ်ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာယူသွားရမယ်။” ဟု ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် Covid-19 ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများသိရှိလိုက်နာရန်အတွက် အမိန့်ကြေညာစာတစ်စောင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်ကြေညာစာတွင် ကချင်ပြည်နယ်အတွင်းသို့ ပြည်နယ်ပြင်ပမှ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများအနေဖြင့် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်အတိုင်း Quarantine ဝင်ခြင်း ကျန်းမာရေးစစ်ဆေးခြင်းကို ခံယူရန်ပါရှိသည်။

Covid-19 ဒုတိယလှိုင်းပြန်လည်စတင်လာပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့ထိ ကချင်ပြည်နယ်တွင် အတည်ပြုလူနာ ၂ဦး ထပ်တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး ပိုးတွေ့လူနာ ၃၈၂၁ ရှိပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၁၅ ရက်နေ့ထိ ဓါတ်ခွဲနမူနာပေါင်း (၇၀၉၀)ရှိခဲ့သည့်အနက် ပိုးတွေ့ရှိသူ( ၄)ဦးရှိခဲ့ကာ၊ ဓါတ်ခွဲအဖြေစောင့်ဆိုင်းဦးရေ(၆၀၇) ဦးရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

ကချင်ပြည်နယ်အစိုးရမှလည်း စက်တင်ဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် အများပြည်သူများသိရှိလိုက်နာရန်တွက် အချက် ၁၀ချက်ပါသည့် အမိန့်ကြေညာစာကို နောက်ဆုံးထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button