သတင်း

မြန်မာစစ်တပ် နှင့် KIA မူဆယ်ခရိုင် (၃)နေရာမှာ တိုက်ပွဲဖြစ်ပွား

မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်း စစ်ကြောင်းများနှင့် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် (၃)နေရာမှာ အချိန်တို တိုက်ပွဲများ စက်တင်ဘာလ (၁၅) အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း ရှမ်းမြောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြောပါသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်ခွဲတွင် တပ်မတော်စစ်ကြောင်းလှုပ်ရှားမှုကို KIA ဘက်က ခုခံတိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

“ဒီကနေ့တော့ ၃ နေရာမှာ တိုက်ပွဲဖြစ်ပွားတယ်။ Mungbaw (မုန်ဘော်)ကျေးရွာဘက် Howa ရွာဟောင်းမှာ (၁)ကြိမ်၊ Namtau (နမ့်တောင်း)ကျေးရွာနားမှာ (၁)ကြိမ် နဲ့ Wangdin ဘက် Hpaikawng ကျေးရွာနားမှာ (၁)ကြိမ်ဖြစ်ပွားတယ်။ နေရာတိုင်းမှာ တပ်မတော် စစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲ ဖြစ်ပွားလာတာပါ” ဟု မူဆယ်ခရိုင် KIA တပ်မဟာ (၆) အရာရှိ တစ်ဦး အင်္ဂါနေ့ ညနေပိုင်း ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တပ်မ (၈၈)တပ်ဖွဲ့ဟု ယူဆထားသော စစ်ကြောင်းနှင့် Howa ရွာဟောင်းတွင် သော်လည်းကောင်း တပ်မ (၉၉)ဟု ယူဆထားသောတပ်ဖွဲ့များနှင့် Namtau နှင့် Hpaikawng တွင်သော်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KIA က ဆိုပါသည်။

ယနေ့ (၃)နေရာ တိုက်ပွဲသည် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များနှင့်သီးတန့် ဖြစ်ပွားခြင်းဖြစ်ပြီး အခြား KIA ၏ စစ်ရေးမဟာမိတ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA နှင့် ရခိုင် AA တပ်ဖွဲ့များနှင့် ဖြစ်ပွားခြင်း မရှိကြောင်း အထက် KIA အရာရှိက ဆိုပါသည်။

နှစ်ဖက် ထိခိုက်မှုသတင်း မသိရသေးပါ။

ယခုလို နှစ်ဖက်တိုက်ပွဲ ရှမ်းပြည်မြောက်ပိုင်းမှာ တိုး၍ဖြစ်လာချိန် ကချင်ပြည်နယ်ဘက်မှာလည်း တပ်မတော်၏ KIO ပေါ် သွေးတိုးစမ်း ရန်စမှု လက္ခဏာတွင် ရှိလာနေသော်လည်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုအဆင့်ထိ မရောက်သေးကြောင်း လိုင်ဇာဗဟိုဌာနချုပ်မှ KIO သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘို (Col. Nhpang Naw Bu) ပြောပါသည်။

လွန်ခဲ့သော နှစ်ပတ်ကျော်မှ ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော် နယ်မြေရှင်းလင်းရေး ပြန်လည် လုပ်ဆောင်လာသောကြောင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် MNDAA၊ AA နှင့် KIA စသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်လိုလို တိုက်ပွဲဖြစ်လာခြင်းဖြစ်သည်။

 

……Zawgyi……

ျမန္မာစစ္တပ္ ႏွင့္ KIA မူဆယ္ခ႐ိုင္ (၃)ေနရာမွာ တိုက္ပြဲျဖစ္ပြား

September 15, 2020/ KNG

ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ပူးေပါင္း စစ္ေၾကာင္းမ်ားႏွင့္ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ (၃)ေနရာမွာ အခ်ိန္တို တိုက္ပြဲမ်ား စက္တင္ဘာလ (၁၅) အဂၤါေန႔က ျဖစ္ပြားခဲ့ေၾကာင္း ရွမ္းေျမာက္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ဘက္က ေျပာပါသည္။

KIA တပ္မဟာ (၆) လက္ေအာက္ တပ္ရင္း (၃၆) နယ္ေျမ ၾကဴကုတ္ (ပန္ဆိုင္း)ျမိဳ႕နယ္ခြဲတြင္ တပ္မေတာ္စစ္ေၾကာင္းလႈပ္ရွားမႈကို KIA ဘက္က ခုခံတိုက္ခိုက္မႈမ်ား ျပဳလုပ္ျခင္းျဖစ္သည္ဟု ဆိုပါသည္။

“ဒီကေန႔ေတာ့ ၃ ေနရာမွာ တိုက္ပြဲျဖစ္ပြားတယ္။ Mungbaw (မုန္ေဘာ္)ေက်းရြာဘက္ Howa ရြာေဟာင္းမွာ (၁)ၾကိမ္၊ Namtau (နမ့္ေတာင္း)ေက်းရြာနားမွာ (၁)ၾကိမ္ နဲ႔ Wangdin ဘက္ Hpaikawng ေက်းရြာနားမွာ (၁)ၾကိမ္ျဖစ္ပြားတယ္။ ေနရာတိုင္းမွာ တပ္မေတာ္ စစ္ေၾကာင္းေတြ စစ္ေရးလႈပ္ရွားလာလို႔ တိုက္ပြဲ ျဖစ္ပြားလာတာပါ” ဟု မူဆယ္ခ႐ိုင္ KIA တပ္မဟာ (၆) အရာရိွ တစ္ဦး အဂၤါေန႔ ညေနပိုင္း ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

တပ္မ (၈၈)တပ္ဖြဲ႔ဟု ယူဆထားေသာ စစ္ေၾကာင္းႏွင့္ Howa ရြာေဟာင္းတြင္ ေသာ္လည္းေကာင္း တပ္မ (၉၉)ဟု ယူဆထားေသာတပ္ဖြဲ႔မ်ားႏွင့္ Namtau ႏွင့္ Hpaikawng တြင္ေသာ္လည္းေကာင္း တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း KIA က ဆိုပါသည္။

ယေန႔ (၃)ေနရာ တိုက္ပြဲသည္ KIA တပ္ရင္း (၃၆) တပ္ဖြဲ႕မ်ားႏွင့္သီးတန္႔ ျဖစ္ပြားျခင္းျဖစ္ၿပီး အျခား KIA ၏ စစ္ေရးမဟာမိတ္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔၀င္ ကိုးကန္႔ MNDAA ႏွင့္ ရခိုင္ AA တပ္ဖြဲ႔မ်ားႏွင့္ ျဖစ္ပြားျခင္း မရိွေၾကာင္း အထက္ KIA အရာရိွက ဆိုပါသည္။

ႏွစ္ဖက္ ထိခိုက္မႈသတင္း မသိရေသးပါ။

ယခုလို ႏွစ္ဖက္တိုက္ပြဲ ရွမ္းျပည္ေျမာက္ပိုင္းမွာ တိုး၍ျဖစ္လာခ်ိန္ ကခ်င္ျပည္နယ္ဘက္မွာလည္း တပ္မေတာ္၏ KIO ေပၚ ေသြးတိုးစမ္း ရန္စမႈ လကၡဏာတြင္ ရိွလာေနေသာ္လည္း ႏွစ္ဖက္ ပစ္ခတ္တိုက္ခိုက္မႈအဆင့္ထိ မေရာက္ေသးေၾကာင္း လိုင္ဇာဗဟိုဌာနခ်ဳပ္မွ KIO သတင္းႏွင့္ျပန္ၾကားေရးဌာန တာ၀န္ခံ ဗိုလ္မွဴးၾကီး အင္ဖန္ ေနာ္ဘို (Col. Nhpang Naw Bu) ေျပာပါသည္။

လြန္ခဲ့ေသာ ႏွစ္ပတ္ေက်ာ္မွ ရွမ္းျပည္ေျမာက္ပိုင္းတြင္ တပ္မေတာ္ နယ္ေျမရွင္းလင္းေရး ျပန္လည္ လုပ္ေဆာင္လာေသာေၾကာင့္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔၀င္ MNDAA၊ AA ႏွင့္ KIA စသည့္ တိုင္းရင္းသားေတာ္လွန္ေရးတပ္ဖြဲ႔မ်ားႏွင့္ ေန႔စဥ္လိုလို တိုက္ပြဲျဖစ္လာျခင္းျဖစ္သည္။

Show More

Related Articles

Back to top button