Covid-19 Reportingသတင်း

Covid ပြင်းထန်နေသည့် ရန်ကုန်သို့ အားဖြည့်ကူညီရန် ကချင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများ ဒုတိယအကြိမ် ပြန်လည်ထွက်ခွာ

ကိုဗစ်-၁၉ ကူးစက်ခံရမှုအများဆုံးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကူညီအားဖြည့်ရန် ကချင်ပြည်နယ်မှ သူနာပြု ဆရာမ ၂၀ ဦးသည် အောက်တိုဘာလ ၅ရက်နေ့ ရန်ကုန်သို့ ထွက်ခွာသွားပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဝန်းများကို ပြည်နယ်တစ်ခု အယောက် ၂၀ စီ လွတ်ပေးရန် ပြည်ထောင်စုအစိုးရ၏ အမိန့်ခေါ်စာဖြင့် တောင်းဆိုမှုကြောင့် ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်ညွန်ကြားရေးမှူး ဦးဇော်ဇော်က ယခုလို ပြောဆိုသည်။

“ဘာကြောင့်ပို့ပေးရသလဲဆိုတော့ ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ပိုးတွေ့လူနာအလွန်များလာတဲ့အတွက် ကာကွယ်ထိန်း ရေးမှာ ပါဝင်ကူညီနိုင်ဖို့ပါ။ ပြည်ထောင်စုကနေ တိုက်ရိုက်တိုင်းနဲ့ပြည်နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ကိုတောင်းဆိုတဲ့ အတွက်ပို့ပေးရတာပါ” ဟု ပြောဆိုသည်။

လွန်ခဲ့သော စက်တင်ဘာလ ၃၀ရက်နေ့တွင်လည်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနိုင်မြင့်၊ ဒေါက်တာနော်လွမ်၊ ရွှေကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးကျော်မင်းထွန်း၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်မရန်ထုဂျာနှင့် မိုးကောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်စန်းစန်းမြင့်အား ရန်ကုန်တိုင်းဒေသကြီးတွက် ပို့ဆောင်ပေးခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ ဖော်ပြချက်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရန် ကချင်ပြည်နယ်မှ ပြည်သူ့ကျန်းမာရေးဝန်ထမ်း ပို့ဆောင်ပေးခဲ့သည့်မှာ ၂၅ဦးရှိဖြစ်ပြီး ညွန်ကြားချက်ပေါ်မူတည်ကာ ဆက်လက်လုပ်ဆောင်ဖို့ရှိကြောင်း ဦးဇော်ဇော်က ဆက်လက်ပြောဆိုခဲ့သည်။

အောက်တိုဘာ ၅ ရက်နေ့ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါအတည်ပြုလူနာ (၁၇၇၉၄) ရှိပြီဖြစ်ကာ သေဆုံးသူမှာ ၄၁၂ ဦးရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button