ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့ NLD ဝန်ကြီးအားလုံး ပြန်လည်အနိုင်ရ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများအားလုံး ပြန်လည်အနိုင်ရရှိထားကြောင်း သက်ဆိုင်ရာဝန်ကြီးများ၏ လူမူကွန်ယက်စာမျက်နှာမှ သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာခက်အောင်

ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်း၊ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးဇော်ဝင်း၊ စည်ပင်ရေးသာယာရေးဝန်ကြီး ဦးနော်လီ၊ စီမံဘဏ္ဍဝန်ကြီး ဦးဝေလင်း၊ လူမူရေးဝန်ကြီး ဦးနေဝင်း၊ ဗမာရေးရာဝန်ကြီး ဦးဒိတ် ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း တို့ အနိုင်ရထားသည်ဟု ဆိုသည်။ ရဝမ်ရေးရာဝန်ကြီးအဖြစ်ရွေးချယ်ခံရသူမှာ NLD မှ ဦး ချမ်းဆင်ဇီ (ခ) ဂျော်ရ်ရမ် တို့နှင့် လီဆူရေးရာဝန်ကြီး (အချက်အလက်မသိရသေး) တို့ဖြစ်သည်။

လယ်ဆည်ဝန်ကြီး ဦးကျော်ကျော်ဝင်းမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။

မြစ်ကြီးနား ပြည်နယ်လွှတ်တော်အမှတ် ၁ တွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်( ၂ ) တွင် လူမူရေးဝန်ကြီး ဦးနေဝင်းနှင့် ဝိုင်းမော်မြို့နယ် အမှတ် (၁)တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွှန့် နှင့် ပြည်နယ် (၂)တွင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခမ်းရယ်)၊ တနိုင်းမြို့နယ် မဲဆန္ဒနယ်ပြည်နယ် (၂)တွင် လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့စွမ်းအားဝန်ကြီး ဦးဇော်ဝင်း တို့ဖြစ်သည်။

မိုးကောင်းမြို့ ပြည်နယ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဘဏ္ဍစီမံဝန်ကြီး ဦးဝေလင်း၊ ဖားကန့်မြို့နယ် မဲဆန္ဒနယ်ပြည်နယ်(၁)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သယံဇာတဝန်ကြီး ဦးဒရှီလဆိုင်းလည်း အနိုင်ရရှိကြောင်း သိရသည်။

ထို့ပြင် တိုင်းရေးသားရေးရာဝန်ကြီးများဖြစ်သည့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ လီဆူရေးရာဝန်ကြီးမသိသေး၊ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင်လည်း ပြန်လည်ရရှိသည်။

ကချင်ပြည်နယ်တွင် ခရိုင်လေးခရိုင်၊ မြို့နယ် ၁၈ မြို့နယ်ရှိသည့်အနက် ၂၀၂၀ ရွေးကောက်ပွဲတွင် မြစ်ကြီနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်များတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိထားကာ အင်ဂျန်းယန်မြို့နယ်တွင် ရှုံးနိမ့်ခဲ့သည်။

မဲ ရလဒ်မသိရှိရသေးသည့် မြို့နယ်များမှာ နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဆော့လော်မြို့နယ် နှင့် မံစီမြို့နယ် တို့ဖြစ်သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ် ၇၀ နေရာရှိသည့်အနက် NLD ပါတီအများစု အနိုင်ရရှိထားပြီဟု သိရသည်။

Show More

Related Articles

Back to top button