Covid-19 Reportingရွေးကောက်ပွဲဆိုင်ရာသတင်း

ဖားကန့် တောင်ပြိုကျေးရွာကို လော့ဒ်ဒေါင်းအမိန့် ပယ်ဖျက်

ဖားကန့်မြိုနယ် တောင်ပြိုကျေးရွာကို လောဒ့်ဒေါင်းချမှတ်ထားသည့်အမိန့် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ယနေ့ ထုတ်ပြန်လိုက်သည်။

ရက်ပေါင်း ၆၀ ခန့် လောဒ့်ဒေါင်းချမှတ်ထားသော တောင်ပြိုကျေးရွာသည် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ၁၅ ရက်သာကာလအတွင်း ပိုးတွေ့လူနာအသစ်ထပ်မံ မတွေ့ရှိတော့သည့်အပြင် သေဆုံးသူမရှိခဲ့ခြင်း၊ ဓါတ်ခွဲအတည်ပြုလူနာများမှလည်း အခြားသူများသို့ထပ်မံ ကူးစက်ခြင်းမျိုး မရှိတော့သည့်အပြင် ဓါတ်ခွဲလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးအား ရှာဖွေကာ ဓါတ်ခွဲနမူနာ စစ်ဆေးရာတွင်လည်း ၁၄ ရက်အတွင်း ပိုးတွေ့လူနာအသစ် ထပ်မံမတွေ့ရှိတော့သည့်အတွက် တောင်ပြိုကျေးရွာအား အဝင်အထွက်ကန့်သတ်ထားသည့် အမိန့်အား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တောင်ပြိုကျေးရွာသည် Covid-19 ပိုးတွေ့ရှိသူများလာသည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့မှစကာ လောဒ့်ဒေါင်းချမှတ်ထားသည်မှာ ယခုဆိုရင် ၂ လကျော်ကြာမြင့်လာသည့်အတွက် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တောင်ပြိုဒေသခံများသည် လောဒ့်ဒေါင်းဖြုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

တောင်ပြိုကျေးရွာသည် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပထမအကြိမ် လောဒ့်ဒေါင်းအဖြစ်သတ်မှတ်ထားပြီးနောက် ပိုးတွေ့လူနာထပ်တိုးလာသည့်အတွက် လောဒ့်ဒေါင်းသတ်မှတ်ရက်အား စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအကြိမ်လောဒ့်ဒေါင်းနယ်မြေအဖြစ် ထပ်မံတိုးမြင့်ခဲ့ပြီး လောဒ့်ဒေါင်းချမှတ်ထားသည့် ရက်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သည်။

ထို့နောက် အောက်တိုဘာလ ၂၀ ရက်နေ့တွင်လည်း ပြည်ထောင်စုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မိုးညှင်းမြို့နယ်၊ ဖားကန့်မြို့နယ်အား Stay at home နယ်မြေအဖြစ်သတ်မှတ်ကြေညာခဲ့သည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ ပိုးတွေ့ခဲ့သည့်လူနာပေါင်း ၁၄၅ ဦးရှိကာ ဆေးရုံဆင်းပြီးသူသည် ၁၃၇ ဦးရှိသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ မိုးညှင်းခရိုင်မှ ပိုးတွေ့လူနာတစ်ဦးထပ်တွေ့ထပ်မံတွေ့ရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Show More

Related Articles

Back to top button