Covid-19 Reportingသတင်း

ကန်ပိုင်တီနယ်စပ်ဂိတ် ကိုဗစ် ပိုးတွေ့လူနာ ၃ ဦးမှာ တစ်သျှူးငှက်ပျောတင် ကားသမားများဖြစ်

ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် ကန်ပိုင်တီ ဂိတ်တွင်တွေ့ရှိရသော Covid-19 ပိုးတွေ့လူနာ ၃ ဦးမှာ တစ်သျှူးငှက်ပျောတင်သည့် ကားသမားများဖြစ်ကြပြီး ၎င်းတို့တွင် ခရီးသွားရာဇဝင်မရှိကြောင်း ကန်ပိုင်တီအုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်ထံမှ သိရသည်။

ဝိုင်မော်မြို့နယ်အတွင်းရှိ ငှက်ပျောခြံဆိုက် ၃ဆိုက်မှ ကားသမား ၃ဦးဖြစ်ကြပြီး ဇန်နဝါရီလ ၂ရက်နေ့ ဝိုင်းမော်မြို့မှ ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးဂိတ်သို့ရောက်ရှိခဲ့၍ တရုတ်ဘက်ခြမ်း ကျန်းမာရေးစစ်ဆေးမှုခံယူချိန်တွင်ကိုဗစ်တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်သီးသန့်ကုသဆောင်တွင် ပို့ဆောင်ထားသည်ဟု သိရသည်။

“အခုပိုးတွေ့လူနား ကားသမား ၃ဦးက ခရီးသွားရာဇဝင်ကမရှိဘူး။ ဝိုင်းမော်ငှက်ပျောခြံနဲ့ တရုတ်နိုင်ငံကြားမှာဘဲ ပြေးဆွဲနေတဲ့ ကားသမားတွေပေါ့လေ။ ဘယ်ကနေ စကူးစက်ခံရတယ်ဆိုတော့သေသေချာချာမသိရဘူး။ ဖြစ်နိုင်တာက ငှက်ပျောခြံကနေဘဲ ကူးစက်ခံရဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဘက်ကတော့ ရောဂါတွေ သေချာစစ်မှ ဝင်ရတယ်ဆိုတော့ သိပ်မသေချာဘူး။ နောက်ပြီး ငှက်ပျောခြံကနေ ကူးစက်ခံရတယ်လို့လဲ တထစ်ချပြောလို့မရဘူး။ သူတို့ကတော့ ငှက်ပျောခြံနဲ့ ဒီဘက်ခြမ်းဘဲသွားတယ်လို့ဘဲပြောတယ်။ ကျနော်တို့ဘက်ကလူတွေလည်း ခရီးသွားရာဇဝင် ဆိုရင်အရမ်းလိမ်တယ်လေ။ သေသေချာချာမေးရင်တောင် ကောင်းကောင်းမဖြေချင်ကြဘူး။ သူတို့ကိုယ်တိုင်သွားခဲ့တဲ့ နေရာတွေကို အမှန်မပြောချင်ကြတော့ အခက်အခဲရှိတယ်” ဟု ပြောဆိုသည်။

ထို့နောက် အဆိုပါကားသမား ၃ဦးနှင့် ဆက်စပ်ခဲ့သည့် ကားသမားများကိုလည်း ဆေးစစ်ဆေးမှုတွေပြုလုပ်နေပြီး သီးသန့်စင်တာတွင်ထားရှိကြောင်း ဦးမင်းမင်းလတ်က ဆက်လက်ပြောဆိုခဲ့သည်။

ဝိုင်းမော်မြို့နယ်သည် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်း ဧက ၁ သိန်းကျော်ရှိပြီ အလုပ်သမားများလည်း အများအပြားရှိသည်။

Show More

Related Articles

Back to top button