ရွေးကောက်ပွဲဆိုင်ရာသတင်း

ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့ ပြန်လည်လွှတ်မြောက်၊ ၃ ရက်အတွင်း ဝန်ကြီးအိမ်ယာမှ ထွက်ခွာရမည်ဟုဆို

တပ်မတော် အာဏာသိမ်းပြီးနောက် ၁ ရက်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးတချို့သည် ယနေ့ နေ့လည် ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။ လက်ရှိအချိန် ဝန်ကြီးချုပ်သည် ဝန်ကြီးအိမ်ယာတွင် ပြန်လည်ရောက်ရှိနေပြီ ဟုလည်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသောနေရာမှ အိမ်ယာပြန်လည်ရောက်ရှိလာသော ဝန်ကြီးချုပ် ဒေါက်တာခက်အောင်

ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့လွှတ်မြောက်သော်လည်း စည်ပင်ဝန်ကြီး ဦးနော်လီ နှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့မှာ လွှတ်မြောက်ခြင်းမရှိသေးပါ။

ထို့အပြင် ဝန်ကြီးများသည် ၃ ရက်အတွင်း ဝန်ကြီးအိမ်ယာမှ အပြီးပြောင်းရမည်ဖြစ်ပြီး ၎င်းတို့၏ အဆောင်အယောင် ဖုန်းနှင့် ကတ် စသည်တို့ကိုလည်း ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း NLD ပြည်နယ်အလုပ်အမှုဆောင် စိုင်းကျော်သူစိုးထံမှ သိရသည်။

ဝန်ကြီးများ လွှတ်မြောက်လာပြီဟုဆိုသော်လည်း ဆက်လက်ပြီး မိမိနေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအင်အားယူထားသော ဝန်ကြီးအိမ်ယာ

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲသမာမှုများရှိခဲ့သည်ဟူသောအချက်နှင့် နောက်ဆက်တွဲကိစ္စများကြောင့် တပ်မတော်က ဖေဖော်ဝါရီလတစ်ရက်နေ့တွင် အာဏာသိမ်းပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်ကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button