သတင်း

နေပြည်တော်စည်ပင်ရိပ်သာ ယနေ့ ညပိုင်းအထိ အခြေအနေနှင့်ပတ်သက်ပြီး ကချင်အမတ်တစ်ဦးကို မေးမြန်းခြင်း

တပ်မတော်အာဏာသိမ်းပြီးနောက် နေပြည်တော် စည်ပင်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များအား လက်ရှိချိန်ထိ တစ်စုံတစ်ရာထူးခြားမူမရှိသေးကြောင်း အမည်မဖော်လိုသူ ကချင်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးထံမှ သိရသည်။

“လောလောဆယ်တော့ ဘာမှမလိုသေးဘူး အခြေနေက ငြိမ်ငြိမ်သက်သက်ဘဲဖြစ်နေတယ်။ ဒါပေမယ့် မကြာခင်တော့ နေပြည်တော် ပျဉ်းမနားဘက်က ရွာတော်ဘက်ကိုပို့မလိုတော့ ကြားနေရတယ်။ ဂိတ်တံခါးတွေတော့ အားလုံးပိတ်ထားတယ်။ ဂိတ်ပေါက်ဝနားမှာတော့ တပ်မတော်ဘက်က စစ်ကားကြီးတွေလာရပ်ထားတာတော့ တွေ့နေရတယ်။ အဲကားတွေက စောစောတုန်းကတော့ မရှိဘူးဟုတ်တယ်။ ဒီမှာပြောနေကြတာတော့ မိုးချုပ်ခါနီးမှ ကားတွေလာတန်းစီထားတယ်လို့တော့ ပြောနေကြတယ်။”

ဖေဖော်ဝါရီလ ၁ ရက် ယနေ့မနက် ၃နာရီခန့်တွင် လွှတ်တော်ကိုယ်စားလှယ်များ ကွာရန်တင်းဝင်နေသည့် နေပြည်တော်စည်ပင်ရိပ်သာတွင် ဖုန်းလိုင်းများပြတ်တောက်ပြီး တပ်မတော်က လာရောက်ဝိုင်းထားသည်ဟု ဆိုသည်။

“ဖုန်းလိုင်းပြတ်ပြီးတဲ့နောက်မှာ မနက်(၃)နာရီလောက် ဂိတ်တံခါးဝအရှေ့ဘက်မှာ ပိတ်ဆို့မူတွေလာစလုပ်နေပြီ အဲချိန် အာဏာသိမ်းတာလားလို့ သွားမေးကြည့်တော့ အာဏာသိမ်းတာမဟုတ်ဘူး အထက်ကညွှွန်ကြားချက်အတိုင်း ဆောင်ရွက်တာဖြစ်တယ်ဆိုပြီးပြောကြတယ်။ အဲနောက်တော့ ဘာမှမသိရတော့ဘူး ဖုန်းအဆက်အသွယ်လည်း ဘာမှမရတော့ ခုဖုန်းလိုင်းကရတော့လည်း အဝင်ဘဲရတယ် ဖုန်းအထွက်ကမရသေးဘူး။”

အဆိုပါလွှတ်တော်ကိုယ်စားလှယ်၏ ပြောပြချက်အရ နေပြည်တော်သို့ လွှတ်တော်တက်ရန် မသွားရောက်ခင်၌ပင် စောင့်ကြည့်ခံနေရသည့်အနေထားများလည်း ရှိနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ဒီအခြေနေဖြစ်လာမယ်လို့တော့ ကျနော်လည်းခန့်မှန်းမိထားပြီးသားဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင် နေပြည်တော်မလာခင်ကတည်းက SP တွေက ကျနော်တို့ကိုစောင့်ကြည့်တဲ့အနေထားတွေလည်း ရှိခဲ့ပြီးသားမို့ ဒီအခြေနေ ဒီလိုရောက်လာမယ်ဆိုတာကိုတော့ ခန့်မှန်းထားပြီးသားပါ။

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့တွင်လည်း အစိုးရရုံး၊ NLD ရုံးများတွင် စစ်သားများက နေရာယူထားပြီး မြို့အဝင်အထွက်လမ်းတွင်လည်း တပ်မတော်သားများက ပိတ်ထားခဲ့သည်။

Show More

Related Articles

Back to top button