သတင်း

ဆန္ဒပြရာတွင်ပါဝင်သော ပူတာအိုမှ လူငယ် ၅ ဦးကို တပ်က ဖမ်းဆီး

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် ပူတာအိုဒေသခံ လူငယ်(၅)ဦး ယနေ့ည (၉)နာရီခန့်တွင် ဖမ်းဆီးခံရကြောင်း ပူတာအိုမှ အမည်မဖော်လိုသူဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါ လူငယ် (၅) ဦးသည် စစ်အာဏာသိမ်းဆန့်ကျင်သည့် သပိတ်တွင်ပါဝင်ခဲ့သည့်သူများဖြစ်ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ယနေ့ည(၉)နာရီခန့်တွင် တောထဲပုန်းခိုနေရာမှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူတို့ (၅)ယောက်က ဆန္ဒပြဦးဆောင်တာမဟုတ်ဘူး။ ပါဝင်တဲ့လူငယ်တွေဘဲ ဆန္ဒပြတဲ့ထဲတောင်မှ (၂)ရက်ဘဲ ပါလိုက်ကြတယ်။ အဲဒီနောက်တော့ သူတို့ကိုဖမ်းမယ်ဆီးမယ် ဆိုတဲ့သတင်းကြောင့် အရင်ပတ်အဂါၤနေ့ကစပြီး တိမ်းရှောင်သွားကြတာဟုတ်တယ်။ ဒီညတော့ ဖမ်းသွားပြီဆိုပြီး သတင်းကြားတယ်။ ကျနော်တို့လည်း ဘာအဆက်အသွယ်မှမရသေးပါဘူး။ သူတို့ပုန်းနေတဲ့နေရာကို စစ်သားတွေရောက်လာပြီးဖမ်းသွားတာလို့သိရတယ်။ ဖြစ်နိုင်တာကတော့ စစ်သားတွေက သူတို့ဘာသာရှာတွေ့တာတော့ မဟုတ်နိုင်ဘူး။ အတွင်းကတစ်ယောက်ယောက် သတင်းပေးလို့ပေါက်ကြားသွားတဲ့ ပုံစံဖြစ်နိုင်တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးမူများရှိနေသည့်အပြင် ဖမ်းဆီးရန်နာမည်စာရင်း ထပ်မံပေါ်ပေါက်နေသည့်အတွက် ဆန္ဒထုတ်ဖော်သည့်အင်အား လျော့နည်းလာနေကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်း စစ်တပ်မှအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ(၈)ရက်နေ့မှစတင်ကာ ဆန္ဒပြမူများဆက်တိုက်ပြုလုပ်နေပြီး မြစ်ကြီးနားမြို့အတွင်းတွင်လည်း ဖမ်းဆီးခံရသူ (၁၀) ဦးထက်မနည်း ရှိခဲ့သော်လည်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ညှနှိုင်းပေးမူကြောင့် ပြန်လည်လွှတ်မြောက်လာပြီဖြစ်သည်။

Show More

Related Articles

Back to top button