တိုက်ပွဲသတင်း

ဖားကန့် သပိတ်စစ်ကြောင်းဖြိုခွဲရန်သွားသည့် ရဲနှင့်စစ်သားများ မိုင်းခွဲ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ဖားကန့်မြို့ ယနေ့ အာဏာရှင်စနစ်ဆန့်ကျင်သော သပိတ်စစ်ကြောင်းကို ဖြိုခွဲရန်သွားသော အာဏာသိမ်းစစ်တပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ရဲနှင့်စစ်သားများ ၅ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

ဧပြီလ ၁၃ရက်နေ့ ၁၀ နာရီခန့်အချိန်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းကို ဖြိုခွဲရန်သွားသော ရဲနှင့်စစ်သားများကို အေးမြသာယာ မနက်စျေးရှေ့တွင် ၅ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ဒေသခံတစ်ဦးထံမှသိရသည်။

” ဘယ်သူက ဝင်ပစ်တယ်လို့တော့ ကျ​နော်တို့က မသိရဘူးပေါ့လေ။ ဒါပေမယ့် ဒီအေးမြသာယာ မနက်စျေးထိပ်မှ ဖြစ်သွားတာဟုတ်တယ်။ ရဲနှင့်စစ်သားဘက်က ၅ဦးသေဆုံးသွားတယ်လို့ သိရတယ်။ ပြီးရင် ပြည်သူဘက်ကတော့ ၄ယောက်လောက်တော့ ဒဏ်ရာပြင်းထန်ရတယ်တဲ့ ” ဟုသိရတယ်။

မိုင်းခွဲခံ့ရသည့်နေရာတွင် ရဲနှင့် စစ်သား ၅ ဦးခန့်သေဆုံးပြီးအချို့ဒဏ်ရာ ရရှိသွားသည်ဟု သိရပြီး၊ ပြည်သူဘက်ကလည်း အေးမြသာယာရပ်ကွက်နေထိုင်သည့် ကျောင်းအုပ်ဆရာမတစ်ဦးနှင့် စျေသည်တစ်ဦးအပါအဝင် ၄ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ပေါင်တစ်ဖက်တွင် ကျည်ထိမှန်ခဲ့သည့် ကျောင်းအုပ်ဆရာမကြီး၏ ဒဏ်ရာ ပြင်းထန်သည့်အတွက် မြဝတ်ရည် ဆေးရုံတွင် ဆေးကုသခံယူစေပြီး ကျန်ရှိဒဏ်ရာပြင်းထန်သူများကို မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button