တိုက်ပွဲသတင်း

တနိုင်း ရွှေမှော်တွင် အာဏာသိမ်းစစ်တပ် နှင့် KIA တိုက်ပွဲဖြစ်

တနိုင်းမြို့နယ် ရွှေမှော်၊ ပယင်းမှော်ရှိသာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ နမ့်ဗျူဒေသတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ် စခန်းတစ်ခုတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

နမ့်ဗျူ (Nam Byu) နမ့်ခမ် (Nam Hkam) ဒေသရှိ အဆိုပါစခန်းကို KIA က သွားရောက်တိုင်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးမူများပြားပြီး နေ့လည် ၁၂နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

” KIA ဘက်ကသွားရောက်တိုက်ခိုက်ခဲ့တာဟုတ်တယ်။ ဒါပေမယ့် စခန်း သိမ်းပိုက်နိုင်သလားဆိုတာ တိတိကျကျ ပြောလို့မရသေးဘူး။ စစ်တပ် (အာဏာသိမ်းစစ်တပ်) ဘက်ကတော့ သေဆုံးမူများတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။

ထိုတိုက်ပွဲတွင် ကျဆုံးမှုများသော အာဏာသိမ်းစစ်တပ်ဘက်က ဂျက်တိုက်လေယာဉ် ၂ စီး ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်။

ယနေ့ နံနက် KIA ဘက်မှ သွားရောက်တိုက်ခိုက်ခဲ့သည့်တပ်စခန်းသည် ယခင် ၂၀၁၄ ခုနှစ်တုန်းက အာဏာသိမ်းစစ်တပ်၏ အင်အားသုံး ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သော နေရာဖြစ်သည်ဟု သိရသည်။

ထို့နောက် ၂၀၁၇ ခုနှစ် ထိုနေရာရှိ ဒေသခံများအပါအဝင် ရွှေ၊ ပယင်း တူးဖော်နေသော ပြည်သူများအားလုံး ကို ထွက်ခွာသွားရန် စစ်တပ်က ရဟတ်ယာဉ်ဖြင့် စာဖြန့်ခဲ့ပြီးနောက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သော နေရာဖြစ်သည်။

Show More

Related Articles

Back to top button