သတင်း

အမျိုးသားညီညွတ်ရေးအစိုးရတွင် ပါဝင်လာသော ကချင်အမျိုးသား ၃ ဦးအကြောင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကဖွဲ့စည်းလိုက်သော ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တွင် ကချင်အမျိုးသား ၃ ဦးပါဝင်နေသည်ကို တွေ့ရသည်။

ဒုတိယ သမ္မတဖြစ်သော ဒူဝါလရှီးလ (Duwa Lashi La) သည် ရှေ့နေတစ်ဦးဖြစ်ပြီး ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ၏ ဥက္ကဌ လည်းဖြစ်သည်။

လက်ရှိ NUG တွင် သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသောကြောင့် ဒု သမ္မတသည် သမ္မတကဲ့သို့ တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။

နောက်ထပ်တစ်ဦးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဒေါက်တာတူးခေါင် (Rev. Hkalen Tu Hkawng) ဖြစ်သည်။

ဒေါက်တာ ခလန်တူးခေါင်

သူသည် မြစ်ကြီးနားတွင်နေထိုင်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ကာ၊ ပညာရေးကျောင်းများတွင်လည်း အချိန်ပိုင်းဆရာအဖြစ် လုပ်ကိုင်ကာ၊ ဘာသာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု ဝန်ကြီးအဖြစ် ဒေါ် ဂျာထွယ်ပန်ဖြစ်သည်။

ပညာရေး ဒု ဝန်ကြီး ဒေါ်ဂျာထွယ်ပန်

သူမသည် The London School of Economics and Political Science (LSE) မှ Social Anthology ဘာသာရပ် မဟာဘွဲ့ နှင့် Northern Illinois University မှ M.A. (Anthropology) မဟာဘွဲ့ရရှိထားသူဖြစ်ကြောင်း သိရသည်။

ထို့အပြင် KIO နယ်မြေရှိ ပညာရေးတက္ကသိုလ်များတွင်လည်း ဦးစီးလုပ်ဆောင်ခဲ့ပြီး သုတေသန စာတမ်းများကိုလည်း ရေးသားကြောင်း သိရသည်။

Show More

Related Articles

Back to top button