တိုက်ပွဲသတင်း

မြစ်ကြီးနား လေတပ်အနီး ပေါက်ကွဲမှုဖြစ်

မြစ်ကြီးနားမြို့ အောက်မော်ဖောင်းရှိ လေတပ်အနီးတွင် ယနေ့ နံနက်ပိုင်းက လက်နက်ကြီး ပေါက်ကွဲခဲ့ဖြစ်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“၈ နာရီလောက်မှာ လက်နက်ကြီး ၄ ခါလောက်ပေါက်သံကြားတယ်။ အဲဒီက အကျန်ပဲထင်တယ် ကျနော်တို့ ရွာနားက အိမ်တစ်ခုမှာလည်း ထိပြီး ဒဏ်ရာ ရသွားလို့ ဆေးရုံပို့လိုက်ရတယ်။” ဟု အောက်မော်ဖောင်း ဒေသခံ တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ မြစ်ကြီးနား လေတပ်အနီး လက်နက်ကြီး ပေါက်ကွဲခဲ့သော်လည်း စစ်တပ်ဝင်းမှ ရုပ်ရုပ်သဲသဲ ဖြစ်ဟန်မရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေသည်ဟု မျက်မြင်ဒေသခံများဆိုသည်။

အလားတူ အဆိုပါ ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှုများပင် မရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button