သတင်း

NUG အစိုးရအဖွဲ့တွင် ကချင်အမျိုးသမီးတစ်ဦး ဒုဝန်ကြီးအဖြစ် ထပ်မံ ပါဝင်လာ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ  CRPH မှ အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီးများ ခန့်အပ်ရာတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီး ပါဝင်လာသည်ကို တွေ့ရသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခေါင်နော (Mrs) ကို ခန့်အပ်ထားသည်။ သူသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကာ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဆောင်းပါးများကို ပြည်တွင်းပြည်ပ စာမျှက်နှာများတွင် ရေးသားဖော်ပြနေသူဖြစ်သည်။

လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG တွင် ကချင်အမျိုးသား ၄ ဦးပါဝင်နေပြီး ၎င်းတို့မှာ ဒုသမ္မတ ဒူဝါလရှီးလ၊ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန် နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ပေးဝန်ကြီးဌာန ဒု ဝန်ကြီး ခေါနော် ( Mrs) တို့ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တွင်မူ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က ပါဝင်နေသည်ဟု သိရသည်။

Show More

Related Articles

Back to top button