,

Breaking News :

နွမ်းလန့် စစ်ရှောင်များ Covid-19 ကြောင့် စားဝတ်နေရေးခက်ခဲလာသဖြင့် နေရပ်ပြန်

ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင် စစ်ရှောင်စခန်းကို lockdown ချမှတ်

စစ်ကောင်စီ တင့်ကားတင် သင်္ဘောများ ရွှေကူမြို့အနီး ပစ်ခတ်တိုက်ခိုက်ခံရ

Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှုလိုအပ်နေ

စစ်အာဏာသိမ်းပြီး ပိတ်ထားသော တာမခန်ဆေးရုံကို ဒေသခံများ ကြပ်မတ်ကာ အခမဲ့ဆေးရုံအဖြစ် ပြန်ဖွင့်

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်

မိုးညှင်းရဲစခန်းမှ အချုပ်သား ၇ ဦး ပိုးကူးစက်ခံရ

ပူတာအိုတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး တိမ်းရှောင်နေ

ရွှေကူ ဆေးရုံကြီးတွင် အောက်စီဂျင် ထားနိုင်ရေး လူမှုကူညီရေးအဖွဲ့များ ကြိုးပမ်းနေ

ကွတ်ခိုင်မြို့အနီး တိုက်ပွဲဖြစ်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

ဓါတ်ပုံ – ရွှေဖီမြေသတင်းဌာန (https://www.facebook.com/451214215694715/posts/947035132779285/)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့အနီးတစ်ဝိုက်တွင် ယနေ့ မေလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီမှ ည ၉ နာရီခွဲထိ အာဏာသိမ်းစစ်တပ်နှင့် MNDAA ၊ TNLA နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများသည် နီးစပ်ရာကွတ်ခိုင်မြို့သို့ တိမ်းရှောင်နေကြောင်း သိရသည်။

ကွက်ခိုင်မြို့အနီး မန်ဘန် နောင်ဆွေနှင့် မော်ဟစ်ကျေးရွာ စသည့်နေရာများတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တိမ်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က Asia World နှင့် စစ်တပ်ကို လာပစ်တဲ့အခြေအနေဖြစ်တယ်။ ဒီညနေပိုင်းတော့ ရွာသားတွေကလန့်ပြီး လုံခြုံတဲ့နေရာကို တိမ်းရှောင်ခဲ့တယ်။ တစ်ချို့ ပြန်သွားတဲ့သူတွေ ပြန်ကြပြီ။ ခုတော့ ငြိမ်နေတယ်။” ဟု တိုက်ပွဲဖြစ်ပွားရာနေရာမှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့ည တိုက်ပွဲတွင် MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များကို ဒေသခံများမျက်မြင်တွေ့ရှိခဲ့ရပြီး၊ အချို့ကမူ KIA တပ်ဖွဲ့လည်း ပါဝင်သည်ဟု ဆိုသည်။

ကွက်ခိုင်မြို့အနီး ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် ဒေသခံ ၅ ဦးခန့်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

Read Previous

မံစီမြို့မ ရဲစခန်းကို KIA ဝင်ရောက်တိုက်ခိုက်၊ မြို့နယ် ရဲမှူးကျ

Read Next

ဝိုင်းမော် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် မြို့နယ်ပညာရေးမှူး ခြိမ်းခြောက်ခေါ်ယူနေ

Leave a Reply

Your email address will not be published. Required fields are marked *