တိုက်ပွဲသတင်း

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် KIA ကို ဆက်လက်ပစ်ခတ်နေ

တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပစ်ချခံရသော မိုးမောက်မြို့နယ် မြို့သစ် ကုန်းလောကျေးရွာတွင် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်  KIA ရှိရာဘက်သို့ ဆက်လက်ပစ်ခတ်နေကြောင်း သိရသည်။

မေလ ၄ ရက်နေ့ နံနက် ၃နာရီအချိန်မှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက KIA ရှိရာ တပ်စခန်းများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း မိုးမောက် ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

” အခြေနေက ပိုဆိုးလာဖို့များတယ်။ KIA က စစ်တပ်ရဲ့ လေယာဉ်ပစ်ချလိုက်လို့ ပိုတင်းသွားပုံရတယ်။ ဒီမနက်ပိုင်း ၃နာရီလောက်ကနေ လက်နက်ကြီးသံတွေ ပြန်ကြားရတယ်။ စစ်တပ်က KIA ရှိတဲ့ ဘက် လက်နက်ကြီးပစ်ထည့်ကြတော့ ၂ဖက်စလုံးအပြန်အလှန်ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အချိန်မှာဘဲ ပြန်ငြိမ်းသွားတယ်။ အခုနေ့လည်ပိုင်းကနေ ပြန်ပစ်သံကြားရတယ်” ဟု ပြောဆိုသည်။

မေလ ၃ရက်နေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်က ရဟတ်လေယာဉ် ၂ စီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ရဟတ်လေယာဉ် ၁ စီးကို ပစ်ချပေးလိုက်ခြင်း ဖြစ်သည်။

လေယာဉ်ပစ်ချခံရပြီးနောက် အာဏာသိမ်းစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့သစ်ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျ ပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူ ၄ ဦးကျဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

​ထိခိုက်ဒဏ်ရာရရှိထားသောသူများကို ဗန်းမော် စစ်တပ်ဆေးရုံတွင် ဆေကုသခံယူခိုင်းစေကြောင်း သိရသည်။

Show More

Related Articles

Back to top button