သတင်း

စစ်တပ်အုပ်ချုပ်တဲ့တက္ကသိုလ်ကျောင်းတွေကို ဆက်မတက်ဖို့ စီနီယာများ တိုက်တွန်း

စစ်တပ်အုပ်ချုပ်တဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)ပညာရေးဘွဲ့ အပတ်စဉ် (၄) နောက်ဆုံးနှစ်သင်တန်းကို တက်ရောက်ခြင်းမပြုကြရန် လက်ရှိ CDM ပြုလုပ်နေသော စီနီယာများမှ စာထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“ဒီတက္ကသိုလ်က စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ကျောင်းဟုတ်တယ်။ တက္ကသိုလ်ပါမောက္ခချုပ်ကလည်း ဗိုလ်မှူးကြီးအဆင့်ရှိသူ‌တွေဖြစ်ပါတယ်။ သူတို့က ဆရာဆရာမ ဖြစ်ကြမယ့် ကလေးတွေကို စစ်ကျွန်ပညာရေးအသက်သွင်းနေကြတာပါ။ ခုလိုချိန်မှာ ကျောင်းကတော့ လုံးဝမတက်သင့်ပါဘူးအဲ‌ကြောင့် ခုနောက်ဆုံးနှစ်အတန်းကို မတက်ကြပါနဲ့လို့ ပြောချင်ပါတယ်။” ဟု အဆိုပါ တက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။

တက္ကသိုလ် နောက်ဆုံးနှစ်တက်ရောက်ကြမည့်သူများအတွက် ကျောင်းဖွင့်ရက်မှာ မေလ ၅ ရက်နေ့ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သည့် မတ်လတွင်လည်း အဆိုပါ တက္ကသိုလ်မှ CDM တွင်ပါဝင်သည့်  ကထိက၊ လက်ထောက်ကထိက ဆရာ၊ ဆရာမများအပါအဝင် တက္ကသိုလ်ဆေးရုံမှ သူနာပြုများ စုစုပေါင်း ၃၁ဦး အား တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သည် နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက်တွင်ရှိသည့် တက္ကသိုလ်ဖြစ်ပြီး မြန်မာပြည်အနှံ့မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ တက်ရောက်ပညာသင်ယူနေသော တက္ကသိုလ်တစ်ခုဖြစ်သည်။

Show More

Related Articles

Back to top button