,

Breaking News :

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

နောင်မွန်တွင် KIA ကိုပြန်လည်တိုက်ခိုက်ရန် ပြည်သူ့စစ်နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ လိုက်လံစည်းရုံးနေ

ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်သင်တန်းများတက်ရောက်ရန် ဌာနေပြည်သူ့စစ်နဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့က စည်းရုံးရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

မေလ ၂ရက်နေ့မှစ၍ ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်အပါအဝင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ချို့က နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်အိမ်ဝင်တစ်အိမ်ထွက် စည်းရုံးနေသည်ဟု နောင်မွန်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ရဝမ်ယဉ်ကျေးမှုအဖွဲ့က အားလုံး ပါတယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် နာယကကြီးဖြစ်တဲ့ ဦးထုန်ဖူးဒဂုဏ် သူကိုယ်တိုင် ဦးဆောင်ပြီးတော့ လုပ်တာတော့ဟုတ်တယ်။ နောင်မွန်မြို့နယ်အတွင်းမှာရှိကြတဲ့ ကျေးရွာတွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် လက်ဆောင်ပစ္စည်းအနည်းပေးပြီးမှ လိုက်နှိုးဆော်နေတယ်။” ဟု အမည်မဖော်လိုသူ နောင်မွန်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောသည်။

နောင်မွန်ဒေသကို KIA က မကြာခင်လာရောက်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် အမဲရောင်နယ်မြေဖြစ်တော့မည့်ဒေသကို ပြန်လည်ကာကွယ်ရန် ဒေသခံများအနေဖြင့် စစ်သင်တန်းတက်ထားရမည့်အကြောင်း လိုက်လံ စည်းရုံးနေသည်ဟု ဆိုသည်။

ပြည်သူ့စစ်အဖွဲ့က ပေးမည့်အဆိုပါစစ်သင်တန်းရက်ကို မေလ ၃ ရက်နေ့ စတင်မည်ဟုဆိုထားသော်လည်း လူငယ်များရောက်မလာသည့်အတွက် ထပ်မံ စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။

လူငယ်များကို စစ်သင်တန်းတက်ရောက်ကြရန် စည်းရုံးရေးဆောင်ရွက်ပေးနေသူများမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များသာဖြစ်ကြပြီး နောင်မွန်းမြို့နယ်အတွင်းနှင့် အင်မိုင်ခအထက်အထိကျေးရွားများတွင် စည်းရုံးရေး ဝင်ထားပြီးကြောင်း သိရသည်။

ကချင်ပြည်နယ်အထက်ပိုင်း ပူတာအိုခရိုင်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နေရာဖြ်စသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုခရိုင်အတွင်း နောင်မွန်၊ ခေါင်လန်ဖူးစသည့်ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပါ။

Read Previous

အင်ဂျန့်ယန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

Read Next

စစ်အင်အား သယ်ဆောင်လာသော သင်္ဘော ၂ စီးကို KIA ကြားဖြတ်တိုက်ခိုက်

Leave a Reply

Your email address will not be published.