မိုးညှင်းတွင် ဒလန်ဟု ယူဆရသူ ၂ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မေလ ၉ ရက် ည ၇ နာရီ ခန့်က စစ်တပ်သတင်းပေး ဒလန်နှစ်ယောက် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

“ကျမသိတာက မနေ့ညက သူရေချိုးပြီး အိမ်ပေါ်ကဆင်းလာချိန် သေနတ်နှင့် လာပစ်သွားတာ လေးချက်လောက်ထိတယ်လို့ ပြောတယ်။ သူက မသေခင် စစ်တပ်ဘက် သတင်းတွေပေးပြီး ဒလန်အကြီးစားလို့ ပြောကြတယ်။ သူတို့ တစ်မိသားစုလုံး ဒလန်ဘဲ။ စစ်တပ်ကို သတင်းတွေပေးပြီး ဆန္ဒပြသူတွေကိုဆို လာဖမ်းခိုင်း အဲ့လိုလုပ်တာဖြစ်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင် ရပ်ကွက်ဆယ်အိမ်မှူးဟောင်း ဖြစ်သည်။

ထိုနေ့မှာပင် မောဟန်ကျေးရွာနှင့် မဝေးသော ကျောက်စိမ်းမှော်တစ်နေရာတွင်လည်း ဒလန်ဟုယူဆရသူတစ်ဦး ထပ်မံ ပစ်သတ်ခံရကြောင်း သိရသည်။

မောဟန်ကျေးရွာတွင် စစ်တပ်နှင့်နီးစပ်ပြီး ဒေသခံများ၏ လှုပ်ရှားမှုကို သတင်းပေးသည့် ဒလန် အများအပြားရှိနေသေးသည်ဟု အထက်ပါ အမည်မဖော်လိုသူ ဒေသခံ တစ်ဦး က ပြောသည်။

Show More
Back to top button