လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မချမ်းဘော့တွင်ဖမ်းဆီးခံရသော လူငယ် ၂ ဦးလွတ်မြောက်သော်လည်း တစ်ပတ်တစ်ကြိမ် စစ်တပ်ထံအကြောင်းကြားရမည်ဟုဆို

မချမ်းဘော့ မူလာရှီဒီး ဂိတ်တွင် မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသော လူငယ် ၂ဦးစစ်တပ်ကလွတ်ပေးလိုက်သော်လည်း ခရီးမထွက်ဘဲ ကျေးရွာအတွင်းသာ နေထိုင်ရမည်ဟု ဝန်ခံကတိလက်မှတ်ထိုးခိုင်းကာ မေလ ၁၈ရက်နေ့ ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။

မေလ ၁၅ ရက်နေ့ ရွှေမှော်တစ်နေရာမှပြန်လာသော လူငယ် ၂ ဦးကို ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် မူလာရှီဒီး စစ်တပ်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခဲ့ရာ တစ်ဦးတွင် မှတ်ပုံတင်မပါရှိသည့်အတွက် မသင်္ကာမှုဖြင့် ဖမ်းဆီးကာ အာဏာသိမ်းစစ်တပ် (၄၆) ဗျူဟာကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ပြန်လည်လွတ်ပေးလိုက်သော်လည်း လူငယ် ၂ ဦးသည် ကျေးရွာအတွင်းသာ နေထိုင်ရမည်ဖြစ်ပြီး တစ်ပတ်တစ်ကြိမ် စစ်တပ်ထံ သတင်းပို့ရမည်ဖြစ်သည်။

“ဖမ်းတာက မသင်္ကာမှုနဲ့ဖမ်းတာဟုတ်တယ်။ အခုတော့ ပြန်လွတ်လာပြီ။ ဒါပေမယ့် ခရီးလည်းမထွက်ခိုင်းဘူး။ အိမ်မှာဘဲနေရမယ်တဲ့။ တစ်ပတ် (၁)ကြိမ် သူတို့ဆီကို လာတွေ့ရမယ်တဲ့။ ဝန်ခံကတိလက်မှတ်ထိုးပြီးပြန်လွတ် ပေးလိုက်တယ်”ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ် ၂ဦးမှာ အသက် ၂၉နှစ်အရွယ်ရှိ လတွမ်တန်ဆိုင်းနှင့် အသက် ၂၇နှစ်အရွယ် အလိုင်းဂွန်းဇီတို့ ဖြစ်ကြသည်။

ပူတာအိုခရိုင်တွင် ပြည်သူ့စစ်နှင့် အာဏာသိမ်းစစ်တပ်တို့ ပူပေါင်းကာ ဒေသတွင်း မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုက်ခိုက်ရန် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button