လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ရွှေကူတွင် ဧည့်စာရင်းခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေ

ရွှေကူမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ဧည့်စာရင်းခေါင်းစဉ်ဖြင့် လူနေအိမ်များကို ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

မေလ ၁၈ရက် ည ၁၀ နာရီခန့်က အာဏာသိမ်းစစ်တပ်က မသင်္ကာသူများ၏ အမည်စာရင်း ကိုင်ဆောင်ကာ ညအချိန်လိုက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်ကိုလည်း ဖျက်ဆီးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းဆီးခံရတဲ့သူတွေက ၁၀ယောက်ကျော်လောက်ရှိတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ပရဟိတ ဥက္ကဌတို့ပါတယ်။ နောက် သူတို့ မသင်္ကာတဲ့သူတွေရဲ့ အိမ်တွေဝိုင်းပြီး ဝင်စစ်တယ်။ အဲ့မှာ ၁၀ယောက်ကျော်လောက်ပါသွားတယ်။ တစ်ချို့က လာဖမ်းတဲ့သူမရှိရင် ရှိတဲ့မိသားစုတွေကိုခေါ်သွားတယ်။ ဒါပေမယ့် ညတွင်းချင်းပြန်လွတ်တယ်လို့တော့ သိရတယ်” ဟု ပြောဆိုသည်။

စစ်ဆေးမှုတွင် ၁၀ ယောက်ခန့် ဖမ်းဆီးခေါ်ဆောင်ခံရသော်လည်း ညတွင်းချင်း ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်ကို ဖျက်စီးသွားရုံမက လမ်းဘေးတွင် ဂစ်တာတီးနေသည့် လူငယ်တစ်ဦးကိုလည်း ရိုက်နက်မှုပြုလုပ်ခဲ့သည်ဟု သူကဆက်လက်ပြောဆိုသည်။

Show More

Related Articles

Back to top button