သတင်း

ဟိုကပ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး၊ သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်း စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ

မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာ လက်ရှိအုပ်ချူပ်ရေးမှူး ဇနီးမောင်နှံ ၂ ဦးနှင့် သာပဒေါင်း အုပ်ချူပ်ရေးမှူးဟောင်း ၁ ဦး စုစုပေါင်း ၃ ဦး ယမန်နေ့ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုကပ်ကျေးရွာ အုပ်ချူပ်ရေးမှူးဖြစ်သူ ဦးဂျော်လီဆွေနှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးကို မေလ ၃၀ ရက်ည ၁၀ နာရီခန့် နေအိမ်တွင် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူရှိနေသော အခြားတစ်ဦးတွင်လည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုနေ့ညမှာပင် ဟိုကပ်ကျေးရွာအုပ်စု သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးလည်း သူ၏နေအိမ်တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့ကို ပစ်သတ်သွားသူမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိသေးပါ။

Show More

Related Articles

Back to top button