Covid-19 Reportingသတင်း

မြစ်ကြီးနား ကချင်စု ရပ်ကွက် မူလွန်ကျောင်းဆရာမ တစ်ဦး ကိုဗစ် ပိုးတွေ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မူလွန်ကျောင်းမှ ဆရာမတစ်ဦးတွင် Covid-19 ပိုးတွေရှိခဲ့သည့်အတွက် လက်ရှိအဆိုပါကျောင်းကို ယာယီပိတ်ထားကြောင်း သိရသည်။

“အစတော့ ဖျားလာတယ်။ အနံ့မရဘူးပေါ့နော် အဲဒါနဲ့ဆေးရုံမှာ သွားစစ်တယ်လို့ သိရတယ်။ သူ့ရဲ့ဆေးစစ်ချက်က မနေ့ညနေကမှ ထွက်လာ‌တော့ တို့လည်း မနေ့ကဘဲ သိရတယ်။ ခုလောလာဆယ်တော့ အဲကျောင်းက အထက်ကိုတင်ပြတော့ ခနပိတ်ခိုင်းထားလို့ ပိတ်ထားပါတယ်” ဟု စစ်ကောင်စီ ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်တစ်လော သတင်းများအရ မြစ်ကြီးနားမြို့ပေါရှိ စာသင်ကျောင်းများအားလုံး ၃ရက်ပိတ်မည်ဖြစ်ကြောင်း သတင်းများထွက်နေသည့်အပေါ် ဒုလက်ထောက်ပညာရေးမှူးက ခုလိုပြောသည်။

“အားလုံးပိတ်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဆရာမနဲ့ဆက်စပ်မူရှိခဲ့တဲ့ နှစ်ယောက်က အ.ထ.က.(၄) ကျောင်းက နှစ်ယောက်ပါတယ်လို့ သတင်းရတဲ့အတွက် အဲကျောင်းကိုလည်း ပိတ်ထားပါတယ်။ လောလောဆယ် ကချင်စုက မူလွန်ကျောင်းနဲ့၊ အထက (၄) အဲနှစ်ကျောင်းကို ပိတ်ထားပါတယ်။ ဒီနေ့ ကျောင်းအုပ်တွေအားလုံးကိုလည်း အစည်းအဝေးခေါ်ထားပါတယ်” ဟု စစ်ကောင်စီ ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

အဆိုပါ ပိုးတွေ့ ဆရာမနဲ့ ဆက်စပ်သူများလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၀ရက်နေ့ စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၄ ဦးပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button